- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ခိုလေလံပွဲတွင် ခိုမလေးတစ်ကောင် စံချိန်တင်ဈေး ယူရိုငွေ ၁.၆ သန်းဖြင့် အရောင်းထွက်
အိမ်ပြန်တတ်အောင်လေ့ကျင့်ထားသည့် New Kim အမည်ရှိ ခိုမလေးတစ်ကောင်ကို အမည်မဖော်လိုသော တရုတ်လေလံဆွဲသူတစ်ဦးက ကမ္ဘာ့စံချိန်တင်ဈေး ယူရို ၁.၆ သန်း (ကန်ဒေါ်လာ ၁.၉ သန်းခန့်) ဖြင့် တနင်္ဂနွေနေ့က ဝယ်ယူသွားကြောင်း အွန်လိုင်းလေလံရောင်းသူများအဖွဲ့ Pigeon Paradise (PIPA) က ပြောကြားသည်။
18 Nov 2020

အိမ်ပြန်တတ်အောင်လေ့ကျင့်ထားသည့် New Kim အမည်ရှိ ခိုမလေးတစ်ကောင်ကို အမည်မဖော်လိုသော တရုတ်လေလံဆွဲသူတစ်ဦးက ကမ္ဘာ့စံချိန်တင်ဈေး ယူရို ၁.၆ သန်း (ကန်ဒေါ်လာ ၁.၉ သန်းခန့်) ဖြင့် တနင်္ဂနွေနေ့က ဝယ်ယူသွားကြောင်း အွန်လိုင်းလေလံရောင်းသူများအဖွဲ့ Pigeon Paradise (PIPA) က ပြောကြားသည်။
ယခုဈေးသည် ပြီးခဲ့သောနှစ်က ခိုထီး Armando ကိုဝယ်ယူသွားသည့် ယူရို ၁.၂၅ သန်းစံချိန်ကို ကျော်လွန်သွားသည့် ရောင်းချမှုဖြစ်ကြောင်း PIPA ၏ ကြေညာချက်အရ သိရသည်။
နာမည်ကျော် ခိုမွေးမြူသည့် Antwerp သည် ကောင်းမွန်စွာ မွေးမြူထားသည့် ၂ နှစ်အရွယ် ခိုမလေးကို မူလကကြမ်းခင်းဈေး ယူရို ၂၀၀ ဖြင့်သာ တင်ထားခဲ့ခြင်းဖြစ်သည်။
“ဒါ ကမ္ဘာ့စံချိန်သစ်ပဲ။ ဒီလောက်ဈေးနှုန်းနဲ့ တရားဝင်ရောင်းချထားတဲ့ မှတ်တမ်း ခုချိန်ထိမရှိသေးဘူး။ ဒီလောက်အထိ ဈေးရမယ်လို့ မထင်ခဲ့ဘူး” ဟု PIPA ဥက္ကဋ္ဌ နီကိုလက်စ် ဂစ်ဆဲလ်ဘရက်ချ်က အေအက်ဖ်ပီကို ပြောကြားသည်။
“ဝယ်သူက ဒီခိုကို သားဖောက်ချင်တယ်နဲ့ တူပါတယ်” ဟု နီကိုလက်စ်က ဆိုသည်။
New Kim သည် ၂၀၁၈ ခုနှစ်က ပြင်သစ်နိုင်ငံ၊ Châteauroux နှင့် Argenton-sur-Creuse တွင် ကျင်းပခဲ့သည့် နိုင်ငံအဆင့် ခိုသူရဲကောင်း ဂရင်းပြိုင်ပွဲတွင် အလယ်အလတ်အဆင့် အကွာအဝေး ပျံသန်းနိုင်မှု ပြိုင်ပွဲတွင် သရဖူဆွတ်ခူးခဲ့သည်။
ဥရောပထိပ်တန်းငှက်များသည် ယခုနှစ်များအတွင်း ကမ္ဘာ့အဆင့်အထိ ကျော်ကြားလာခဲ့ပြီး အကြီး အကျယ်အောင်ပွဲခံနိုင်သည့် ခိုပြိုင်ပွဲများရှိရာ တရုတ်နိုင်ငံတွင် အထူးကျော်ကြားသည်။
ပင်လယ်ကွေ့နှင့် အာရှနိုင်ငံများမှ ချမ်းသာသည့် ခိုဝါသနာအိုးများသည် ချန်ပီယံခိုများ၏ ကီလိုမီတာ ရာပေါင်းများစွာ ပျံသန်းနိုင်စွမ်းနှင့် ၎င်းတို့ နေထိုင်ရာ အိမ်အပြန်လမ်းအထိ ရှာဖွေနိုင်သည့် အလိုအလျောက်တတ်မြောက်သည့် စွမ်းရည်တို့အတွက် ဈေးမြှင့်၍ ပေးခဲ့ကြသည်။
ခိုမွေးခြင်းဓလေ့သည် ဘဲလ်ဂျီယံနှင့် ဒတ်ချ်လူမျိုးများ၏ နေ့စဉ်ဘဝများတွင် အမြစ်တွယ်လာခဲ့ပြီး နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံမြောက်ပိုင်းအထိ ပျံ့နှံ့ခဲ့သည်။