- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
လက်နက်ကြီးကျရောက်မှုများ မရပ်ပါက ကုလသို့တိုင်မည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက မြန်မာကို သတိပေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မြန်မာစစ်တပ်၏ လက်နက်ကြီးကျရောက်မှုများ မရပ်ပါက ကုလသမဂ္ဂသို့ တိုင်ကြားဖြေရှင်းမည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆက်အူဇာမန်က ပြောကြားလိုက်သည်။
19 Sep 2022

DMG ၊ စက်တင်ဘာ ၁၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မြန်မာစစ်တပ်၏ လက်နက်ကြီးကျရောက်မှုများ မရပ်ပါက ကုလသမဂ္ဂသို့ တိုင်ကြားဖြေရှင်းမည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆက်အူဇာမန်က ပြောကြားလိုက်သည်။
စက်တင်ဘာလ ၁၇ ရက်နေ့က ဒါမွန်ဒီနှင့်ပြုလုပ်သည့် အစီအစဉ်တစ်ခု၌ ဝန်ကြီးက ယခုကဲ့သို့ ပြောကြားသွားခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့် “ပဋိပက္ခကိုမလိုလားဘဲ ငြိမ်းချမ်းစွာသာ အဖြေရှာလိုသည်”ဟု ဝန်ကြီး အာဆက်အူဇာမန်ကပြောသည်။
“ဒါကို ကျွန်တော်တို့ ကိုယ့်ဟာကိုယ် မဆောင်ရွက်နိုင်ဘူးဆိုရင် ကုလသမဂ္ဂဆီတင်ပြပြီး လိုအပ်တာတွေအကုန်လုံးကို ဆောင်ရွက်သွားမှာပါ”ဟုလည်း သူကပြောသည်။
မြန်မာစစ်တပ်နှင့် အေအေတို့ တိုက်ပွဲများဖြစ်ပွားစဉ် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မော်တာကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ရပြီးနောက် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့်လအတွင်းက နယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများကြောင့် မြန်မာစစ်တပ်၏ လက်နက်ကြီးကျည်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ကျရောက်ခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒါကာရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး သတိပေးပြောကြားခဲ့သည်။