- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
- ကျောက်ဖြူ-ရန်ကုန် ခရီးသွားများ စစ်ကောင်စီဌာနများနှင့် ပွဲစားများမှ ပူးပေါင်းချယ်လှယ်မှုကို ခံနေရ
- သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ အရှိန်မြင့်တက်
- ရုရှားနှင့်မြန်မာအကြား ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စာချုပ် ချုပ်ဆို
ရုရှားနှင့်မြန်မာအကြား ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စာချုပ် ချုပ်ဆို
ရုရှားနှင့် မြန်မာတို့အကြား ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် တစ်ရပ်ကို ဇွန်လ ၂၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြပြီး အဆိုပါစာချုပ်အရ ရုရှားစွမ်းအင် ကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာဖွယ် ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Jun 2025

ရုရှားနှင့် မြန်မာတို့အကြား ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် တစ်ရပ်ကို ဇွန်လ ၂၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြပြီး အဆိုပါစာချုပ်အရ ရုရှားစွမ်းအင် ကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာဖွယ် ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
"ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေ တိုးတက်ဖွံ့ဖြိုးရေးအတွက် ရုရှားကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ မြန်မာဘက်က အသင့်ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ အထူးသတိပြုမိပါတယ်" ဟု ရုရှားစီးပွားရေးဝန်ကြီး မက်ဆင်း ရက်ရှ်နီကော့က စိန့်ပီတာစဘက်မြို့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ကံဇော်နှင့် သဘောတူလက်မှတ် ရေးထိုးပြီးနောက် ပြောကြားသည်။
ယခုသဘောတူညီချက်က ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆောက်လုပ်နေသည့် ကျောက်မီးသွေးသုံး ၆၆၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ အပါအဝင် စီမံကိန်းများကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်ပေးမည်ဟု ရုရှားက ပြောကြားသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သော မတ်လတွင် ရုရှားသို့ သွားရောက်ကာ သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီး မြန်မာအတွက် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ခု ဆောက်လုပ်ရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါခရီးစဉ် မတိုင်မီ ရှေ့တစ်လကလည်း ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းတစ်ခုနှင့် ရေနံသန့်စင်စက်ရုံ တစ်ရုံ ဆောင်လုပ်ရေးအတွက် နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ထိုးခဲ့ကြောင်း ရိုက်တာသတင်း၌ ဖော်ပြထားသည်။
၂၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦ၊ သတ္တုဗေဒ၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးအပါအဝင် လုပ်ငန်းနယ်ပယ် အများအပြားတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမို အဆင်ပြေချောမွေ့စေမည်ဟု ရုရှားအစိုးရက ပြောကြားထားသည်။