- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
ဒုက္ခသည်စခန်းများတွင် စစ်ရေးပြင်ဆင်မှုများ ရှိနေသည်ဆိုသည့် ICG ပြောကြားချက် ဘင်္ဂလားဒေ့ရှ် ငြင်းဆို
ကော့ဘဇားရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုမျိုးမှ မရှိဟု ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ငြင်းဆိုလိုက်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Jun 2025

ကော့ဘဇားရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုမျိုးမှ မရှိဟု ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ငြင်းဆိုလိုက်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများလေ့လာရေး အဖွဲ့ (ICG) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်၏ ဖော်ပြချက်များနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
ICG အဖွဲ့က ဇွန်လ ၁၈ ရက်နေ့ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ မွတ်ဆလင် လက်နက်ကိုင် အဖွဲ့အစည်းများသည် အာရက္ခတပ်တော်ကို တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများတွင် လူသစ်စုဆောင်းနေကြောင်း ရေးသားဖော်ပြထားသည်။
ထို့အပြင် လက်နက်ကိုင်အဖွဲ့များသည် AA ကို တိုက်ခိုက်ရန်အတွက် ဘာသာရေး ဆွယ်တရားများဖြင့် စခန်းများတွင် စည်းရုံးခဲ့ကြသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။
"စခန်းတွေမှာ ကျွန်တော်တို့ တောက်လျှောက် စောင့်ကြပ်နေပါတယ်။ တရားဥပဒေ စိုးမိုးရေးပိုင်းကလည်း နေ့ညမပြတ် ကင်းလှည့်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မျက်စိအောက်မှာ ဒီလိုလုပ်ရပ်တွေ ပေါ်ပေါက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" ဟု ဒုက္ခသည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ မိုဟာမက် မီဇနာရာမန်က ပြောကြားသည်။
အစီရင်ခံစာ၏ စွပ်စွဲချက်များသည်လည်း မှန်ကန်မှု မရှိသလို စခန်းများအတွင်း၌ လက်နက်ကိုင်သင်တန်းများ မရှိသလို လူသစ်စုဆောင်းနေခြင်းလည်း မရှိဟု သူက ငြင်းဆိုသည်။
ရခိုင်ပြည်တွင် အာရက္ခတပ်တော်က နယ်မြေစိုးမိုးမှုများ ရှိလာသည့် တချိန်တည်း၌ ARSA နှင့် RSO တို့အပါအဝင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့အစည်းများသည် AA ကို တိုက်ခိုက်ရန် ပူးပေါင်းထားကြပြီး ထိုပူးပေါင်းမှုများ၏ နောက်ကွယ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ အေဂျင်စီများ ပါဝင်ပတ်သက်နေကြောင်း ICG အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဤဖြစ်စဉ်များကြောင့် AA နှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေးတွင် အဖုအထစ်များ ဖြစ်လာနိုင်ပြီး ဒုက္ခသည် နေရပ်ပြန်ရေး အစီအစဉ်များလည်း နောက်ပြန်ဆုတ်သွားနိုင်သည်ဟု ICG က သုံးသပ်ထားသည်။