- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
မလေးရှားတွင် လေကြောင်းခရီးစဉ် နှောင့်နှေးမှုများအတွက် ခရီးသည်များကို လက်မှတ်ဖိုးအပြည့် ပြန်အမ်းရမည်
လာမည့် တနင်္လာနေ့မှ စတင်၍ အသက်ဝင်မည့် မလေးရှားနိုင်ငံ၏ စည်းကမ်းသစ်များအရ လေကြောင်းကုမ္ပဏီများသည် နှောင့်နှေးသွားသည့် ခရီးစဉ်ကို မလိုက်ပါတော့ဘဲ နောက်ထပ်ခရီးစဉ် တစ်ခုအတွက် လက်မှတ် ပြောင်းလဲဝယ်ယူမည့် ခရီးသည်များကိုလည်း လက်မှတ်ဖိုး ပြန်အမ်းပေးရမည် ဖြစ်သည်။
29 Aug 2024

မလေးရှားနိုင်ငံတွင် ပြေးဆွဲနေသည့် လေကြောင်းလိုင်းများသည် ၎င်းတို့၏ လေကြောင်းခရီးစဉ်များ ငါးနာရီ သို့မဟုတ် ထိုထက်ပို၍ နှောင့်နှေးမှု ဖြစ်ပေါ်ခဲ့ပါက ခရီးသည်များကို လေယာဉ်လက်မှတ်ဖိုး ပြန်အမ်းရမည် ဖြစ်ကြောင်း လေကြောင်း အာဏာပိုင်များက ထုတ်ပြန်လိုက်သည့် ဥပဒေသစ်များအရ သိရသည်။
လာမည့် တနင်္လာနေ့မှ စတင်၍ အသက်ဝင်မည့် မလေးရှားနိုင်ငံ၏ စည်းကမ်းသစ်များအရ လေကြောင်းကုမ္ပဏီများသည် နှောင့်နှေးသွားသည့် ခရီးစဉ်ကို မလိုက်ပါတော့ဘဲ နောက်ထပ်ခရီးစဉ် တစ်ခုအတွက် လက်မှတ် ပြောင်းလဲဝယ်ယူမည့် ခရီးသည်များကိုလည်း လက်မှတ်ဖိုး ပြန်အမ်းပေးရမည် ဖြစ်သည်။ ပြန်အမ်းငွေကို ဝယ်ယူစဉ်က ပေးချေခဲ့သည့် ငွေသားပေးချေမှုအတိုင်း ပြန်အမ်းရမည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားသည်။
ပို့ဆောင်ရေးကုမ္ပဏီများ၏ လေကြောင်းခရီးစဉ်များ လျှော့ချခြင်းနှင့် မေးခွန်းထုတ်စရာ လုပ်ငန်းလည်ပတ်မှု ပုံစံများကြောင့် ကမ္ဘာတဝန်းရှိ သယ်ယူပို့ဆောင်မှု ကွပ်ကဲရေး အာဏာပိုင်အဖွဲ့အစည်းများသည် အဆိုပါကုမ္ပဏီများ၏ လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲဆောင်ရွက်ရန် ဖိအားပေးလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုတွင် လေကြောင်းလိုင်းများက ငွေပြန်မအမ်းခြင်း၊ ပြန်အမ်းရာတွင် နှောင့်နှေးကြန့်ကြာနေခြင်းတို့အပေါ် တိုင်ကြားမှုများ အများအပြား ထွက်ပေါ်ခဲ့ပြီးနောက်တွင် အစိုးရက လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ် ဖျက်သိမ်းခြင်းနှင့် လေယာဉ်ထွက်ခွာချိန် သိသိသာသာ နောက်ကျခြင်းများ ရှိခဲ့ပါက အလိုအလျောက် ငွေပြန်အမ်းပေးသည့်စနစ် ကျင့်သုံးရန် အမိန့်ချမှတ်ထားသည်။
သြစတြေးလျတွင် ဆိုလျှင်လည်း ကန်တာလေကြောင်းလိုင်းသည် ဖျက်သိမ်းလိုက်သည့် လေကြောင်းခရီးစဉ်များ၏ ထိုင်ခုံနေရာများကို ပြန်လည်ရောင်းချနေသည်ဟု စွပ်စွဲခံရပြီး တရားစွဲခံထားရသည်။
ကန်တာ အမှုဆောင်အရာရှိချုပ် ဗင်နက်ဆာဟက်ဒ်ဆန်ကမူ ခရီးစဉ်ဖျက်သိမ်းမှုနှင့် နှောင့်နှေးမှုတို့အတွက် ငွေပြန်အမ်းခိုင်းလျှင် လေကြောင်းလိုင်းများအနေဖြင့် ၎င်းတို့အတွက် ကုန်ကျစရိတ်များကို အစားရနိုင်ရန် အခြားနေရာများမှ ရှာရမည်ဖြစ်ရာ လက်မှတ်ခတန်ဖိုး ပိုမြင့်သွားနိုင်သည်ဟု ပြောကြားထားသည်။
မလေးရှားကမူ လေကြောင်းလိုင်းများအနေဖြင့် ယခုစည်းကမ်းအသစ်များကို ဖောက်ဖျက်ပါက ဒဏ်ငွေ ရင်းဂစ် ၂ သိန်း (အမေရိကန်ဒေါ်လာ ၄၆၀၀၀) ဒဏ်ရိုက်ခံရမည်ဖြစ်သလို နောက်ဆက်တွဲ စည်းကမ်းဖောက်ဖျက်မှုများ အတွက်လည်း ထပ်ဆောင်းဒဏ်ငွေများ ရှိဦးမည်ဟု ထုတ်ပြန်ထားသည်။