အီရန်တွင် အာမီနီဆန္ဒပြပွဲများအတွင်း သေဆုံးသူ ၉၂ အထိမြင့်တက်

မာဆာအာမီနီ သေဆုံးမှုကြောင့် ပေါ်ပေါက်လာသည့် ဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးရသူအရေအတွက်သည် အနည်းဆုံး ၉၂ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အီရန်လူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

03 Oct 2022

ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၃

မာဆာအာမီနီ သေဆုံးမှုကြောင့် ပေါ်ပေါက်လာသည့် ဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးရသူအရေအတွက်သည် အနည်းဆုံး ၉၂ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အီရန်လူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

အသက် ၂၂ နှစ်အရွယ် ကာဒစ်အီရန်လူမျိုး မာဆာအာမီနီသည် မဆီလျော်သည့်အဝတ်အစားများ ဝတ်ဆင်သည်ဟု စွပ်စွဲခံရပြီးနောက် အီရန် စာရိတ္တကြီးကြပ်ရေး လုံထိန်းများထံတွင် ဖမ်းဆီးခံခဲ့ရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင်မူ သူမသေဆုံးသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီး အီရန်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြမှုများ စတင်ပေါ်ပေါက်ခဲ့သည်။

အာမီနီ၏ဇာတိဒေသတွင် ဆန္ဒပြပွဲများ စတင်ဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများသည် ၁၆ ရက်အထိ ဆက်တိုက်ရှိနေပြီဖြစ်သည်။

ယခုဆန္ဒပြမှုများသည် ပြီးခဲ့သည့် သုံးနှစ်တာအတွင်း အကြီးဆုံးဆန္ဒထုတ်ဖော်မှုများလည်း ဖြစ်သည်။

အီရန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် အောက်တိုဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင် သေဆုံးသူအရေအတွက်မှာ ၄၁ ဦးအထိရှိခဲ့ကြောင်း အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) က ပြောကြားသည်။ အဆိုပါဒေသရှိ ရဲမှူးသည် လူနည်းစု ဘာလုဆူနီ မျိုးနွယ်ဝင် ဆယ်ကျော်သက်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည် ဟူသော စွပ်စွဲချက်များ ပျံ့နှံ့လာပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများအား အီရန်အစိုးရက သတ်ဖြတ်နေမှုများကို ရပ်တန့်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အရေးတကြီး ဆောင်ရွက်ပေးကြရန် IHR ညွှန်ကြားရေးမှူး မာမွတ် အာမီရီ မော်ဟာဒမ်က တိုက်တွန်းထားသည်။

အီရန်ဆန္ဒပြပွဲများတွင်း ခေါင်းဆောင်းဟာဂျက်များကို မီးရှို့ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် အီရန်အမျိုးသမီးများနှင့်အတူ ရပ်တည်သည့်အနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း

ဗီဒီယိုများ