- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ဟာမားစ်ခေါင်းဆောင် အီရန်မှာ အသတ်ခံရ
ပါလက်စတိုင်း လက်နက်ကိုင်အုပ်စု ဟာမားစ်၏ ခေါင်းဆောင်ဖြစ်သူ အစ္စမေးဟာနီယာသည် အီရန်နိုင်ငံတွင် ယနေ့ (ဇူလိုင် ၃၁) သတ်ဖြတ်ခံလိုက်ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
31 Jul 2024

ပါလက်စတိုင်း လက်နက်ကိုင်အုပ်စု ဟာမားစ်၏ ခေါင်းဆောင်ဖြစ်သူ အစ္စမေးဟာနီယာသည် အီရန်နိုင်ငံတွင် ယနေ့ (ဇူလိုင် ၃၁) သတ်ဖြတ်ခံလိုက်ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
ဟာနီယာသေဆုံးမှုအပေါ် အစ္စလာမစ်အဖွဲ့ခွဲက ဝမ်းနည်းကြောင်း ပြောကြားသလို သစ္စာမဲ့သည့် ဇီယွန်ဝါဒီ အဖွဲ့တစ်ခုက တီဟရန်ရှိ ၎င်းရှိနေသည့်နေရာကို ဝင်ရောက်စီးနင်းကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဟာနီယာသည် အီရန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် တီဟရန်သို့ ရောက်ရှိနေခြင်း ဖြစ်ကာ အဆိုပါပွဲသို့ ယမန်နေ့က တက်ရောက်ခဲ့သည်။
အီရန်တော်လှန်ရေး အစောင့်တပ်က ဟာနီယာသည် ၎င်း၏ သက်တော်စောင့်တစ်ဦးနှင့်အတူ အသတ်ခံခဲ့ရခြင်းဟု ထုတ်ပြန်သည်။ မည်ကဲ့သို့ သေဆုံးရသည်ကိုမူ အီရန်ဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ သတ်ဖြတ်မှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြောကြားထားသည်။
ပါလက်စတိုင်းသမ္မတ မာမွတ်အာဘက်က ဤသတ်ဖြတ်မှုအား သူရဲဘောကြောင့်သည့် လုပ်ရပ်ဟု ရည်ညွှန်းပြောကြားကာ ပါလက်စတိုင်းသားများ အနေဖြင့် အစ္စရေးကို ရင်ဆိုင်ရာတွင် ဆက်လက်ညီညွန်ကြရန်လည်း တိုက်တွန်းသည်။
ဟာနီယာသေဆုံးကြောင်း အီရန်အစိုးရရုပ်သံက ကြေညာသွားခြင်းအပေါ် စီအန်အန်သတင်းဌာနက အစ္စရေး စစ်တပ်အား မေးမြန်းရာ “မိမိတို့အနေဖြင့် ပြည်ပမီဒီယာများ၏ သတင်းများကို တုံ့ပြန်ဖြေကြားမှု မပြု” ဟု ပြောကြားခဲ့သည်။
အစ္စရေးတို့ သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နောက်ကွယ်တွင် ရှိနေသော ဟက်ဇဘိုလာအုပ်စုခေါင်းဆောင်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးတို့ ပြောကြားပြီး ၂၄ နာရီမပြည့်မီပင် ယခုကဲ့သို့ ဟာနီယာသေဆုံးသည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။