- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
သြစတြေးလျတွင် မကြုံစဖူး ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ယနေ့ (စက်တင်ဘာ ၂၂) နံနက်ပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် မြို့နေလူထု အထိတ်တလန့်ဖြစ်ကာ လမ်းများပေါ် ပြေးထွက်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Sep 2021

DMG ၊ စက်တင်ဘာ ၂၂
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ယနေ့ (စက်တင်ဘာ ၂၂) နံနက်ပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် မြို့နေလူထု အထိတ်တလန့်ဖြစ်ကာ လမ်းများပေါ် ပြေးထွက်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒေသစံတော်ချိန် နံနက် ၉ နာရီ ဝန်းကျင်၌ လှုပ်ခတ်ခဲ့သော အဆိုပါငလျင်၏ ပြင်းအားကို ကီလိုမီတာ ရာပေါင်းများစွာ အကွာအဝေးအထိ ခံစားခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။
အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန၏ ထုတ်ပြန်ချက်အရ ငလျင်သည် ၅.၈ မဂ္ဂနီကျူ့ပြင်းအားဖြင့် လှုပ်ခတ်ခဲ့ပြီးနောက် ၅.၉ မဂ္ဂနီကျူ့အထိ မြင့်တက်ခဲ့ကာ ၁၀ ကီလိုမီတာပတ်လည်အထိ ရိုက်ခတ်ခဲ့သည်ဟု သိရသည်။
သြစတြေးလျတွင် ပုံမှန်အားဖြင့် အင်အားပြင်းငလျင်များ လှုပ်ခတ်လေ့မရှိပေ။ ယနေ့လှုပ်ခတ်ခဲ့သည့် ငလျင်အပြီးတွင် ၂.၅ နှင့် ၄.၁ မဂ္ဂနီကျူ့အကြား ပြင်းအားရှိသည့် နောက်ဆက်တွဲ ငလျင်ငယ်များလည်း ထပ်မံ လှုပ်ခတ်ခဲ့သေးကြောင်း သြစတြေးလျ ဘူမိသိပ္ပံဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မဲလ်ဘုန်းတွင် ကိုဗစ်ထိန်းချုပ်ရေး လော့ဒေါင်းစည်းကမ်းများ ချမှတ်ထားသည်မှာ ရက်သတ္တ ၈ ပတ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ကာ ကာကွယ်ဆေး မထိုးနှံရေး ဆန္ဒဖော်ထုတ်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
ကိုဗစ်လော့ဒေါင်းကြောင့် ပြည်သူအများ နေအိမ်များထဲတွင် ရှိနေကြချိန်၌ ယခုကဲ့သို့ ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ရာ မြို့နေလူထုသည် လမ်းမများပေါ်သို့ အလန့်တကြား ပြေးဆင်းခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြကြသည်။
ငလျင်ပြင်းအား အသင့်အတင့် ရှိပြီး အဆောက်အအုံများ လှုပ်ခါခြင်း၊ နံရံများ ပြိုလဲခြင်းများ ရှိခဲ့သော်လည်း လတ်တလောအချိန်အထိ ဒဏ်ရာအနာတရ ဖြစ်မှု သတင်းများ မကြားသိရသေးကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။