စစ်တပ်ပိုင် ဦးပိုင်နှင့် MEC ကုမ္ပဏီများကို ဗြိတိန်နှင့် အမေရိကန် ပိတ်ဆို့အရေးယူ

အမေရိကန်နှင့် ယူကေသည် မြန်မာစစ်တပ်အား ဖိအားပေးမှုကို အရှိန်မြှင့်သည့် အနေဖြင့် စစ်တပ်ပိုင်လုပ်ငန်းကြီးနှစ်ခုကို အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 29 Mar 2021

ဓာတ်ပုံ - Getty Images

DMG ၊ မတ် ၂၉

အမေရိကန်နှင့် ယူကေသည် မြန်မာစစ်တပ်အား ဖိအားပေးမှုကို အရှိန်မြှင့်သည့် အနေဖြင့် စစ်တပ်ပိုင်လုပ်ငန်းကြီးနှစ်ခုကို အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင် လိမိတက် (MEHL) တို့သည် မြန်မာ့စီးပွားရေးတွင် အရေးကြီးကဏ္ဍများကို ချုပ်ကိုင်ထားပြီး နိုင်ငံတစ်ဝန်းလုံးရှိ အဓိကလုပ်ငန်းများမှ အကျိုးအမြတ်အမြောက်အမြား ရရှိနေသည်။

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက ထိုအဖွဲ့အစည်းနှစ်ခုကို အမည်ပျက်စာရင်းသွင်းခဲ့ပြီး အမေရိကန်ရှိ ၎င်းတို့၏ မည်သည့် ပိုင်ဆိုင်မှုကိုမဆို ထိန်းချုပ်လိုက်ပြီး ၎င်းတို့နှင့် ကုန်သွယ်နေသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် လုပ်ငန်းများကိုလည်း တားမြစ်ပိတ်ပင်လိုက်သည်။

ယူကေသည်လည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ကို ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

အရေးယူဆောင်ရွက်မှုများသည် မြန်မာစစ်တပ်၏ စီးပွားရေး အကျိုးအမြတ်များနှင့် လူမဆန်သည့် ဖိနှိပ်မှုကို ပံ့ပိုးပေးနေသည့် ငွေကြေးစီးဝင်မှု လမ်းကြောင်းမှန်သမျှကို အထူးပစ်မှတ်ထားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကို ဦးတည်ခြင်းမဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားသည်။

ထိုလုပ်ငန်းစုကြီးများသည် စစ်တပ်၏ ဆန္ဒပြသူများအပေါ် လူမဆန်စွာဖိနှိပ်မှုကို ငွေကြေးအားဖြင့် ပံ့ပိုး နေကြောင်း လူ့အခွင့် အရေးအဖွဲ့များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုခဲ့ကြပြီး အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ရန် အမေရိကန်ကို တောင်းဆိုခဲ့သည်မှာ ကြာပြီဖြစ်သည်။

အာရှရှိ မြန်မာ့အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများက မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ရန် ငြင်းပယ်ထားပြီး အမေရိကန်ပြည်ထောင်စုသည် လက်ရှိအချိန်၌ မြန်မာစစ်တပ်ပိုင် လုပ်ငန်းစုကြီးနှစ်ခုကို ပိတ်ဆို့ အရေးယူမှုများချမှတ်ထားသည့် တစ်ခုတည်းသော အင်အားကြီးနိုင်ငံ ဖြစ်သည်။

ဗီဒီယိုများ