ဆစ်ဒနီတိရစ္ဆာန်ရုံမှ ခြင်္သေ့များ လွတ်သွားသဖြင့် ဧည့်သည်များကို ဘေးကင်းရာသို့ ညတွင်းချင်းပြောင်းရွှေ့ခဲ့ရ

ဆစ်ဒနီမြို့တာရိုဂါတိရစ္ဆာန်ရုံမှ ခြင်္သေ့ငါးကောင်သည် နိုဝင်ဘာလ၂ရက်နေ့အစောပိုင်းတွင်၎င်းတို့၏လှောင်အိမ်များမှ ခေတ္တလွတ်ထွက်သွားသဖြင့်တိရစ္ဆာန်ရုံသည် "ကုဒ်နံပါတ်တစ်" သတိပေးမှုထုတ်ပြန်ခဲ့ရပြီး ၎င်း၏ "ဟိန်းခြင်းနှင့်ဟောက်ခြင်း" ညအိပ်အစီအစဉ်မှ ဧည့်သည်များကိုဘေးကင်းရာသို့ ပို့ဆောင်ခဲ့ရသည်။

By Admin 03 Nov 2022

ဆစ်ဒနီတိရစ္ဆာန်ရုံမှ ခြင်္သေ့များ လွတ်သွားသဖြင့် ဧည့်သည်များကို ဘေးကင်းရာသို့ ညတွင်းချင်းပြောင်းရွှေ့ခဲ့ရ

ဓာတ်ပုံ - AFP

DMG | နိုဝင်ဘာ

ဆစ်ဒနီမြို့တာရိုဂါတိရစ္ဆာန်ရုံမှ ခြင်္သေ့ငါးကောင်သည် နိုဝင်ဘာလ၂ရက်နေ့အစောပိုင်းတွင်၎င်းတို့၏လှောင်အိမ်များမှ ခေတ္တလွတ်ထွက်သွားသဖြင့်တိရစ္ဆာန်ရုံသည် "ကုဒ်နံပါတ်တစ်" သတိပေးမှုထုတ်ပြန်ခဲ့ရပြီး ၎င်း၏ "ဟိန်းခြင်းနှင့်ဟောက်ခြင်း" ညအိပ်အစီအစဉ်မှ ဧည့်သည်များကိုဘေးကင်းရာသို့ ပို့ဆောင်ခဲ့ရသည်။

အက်တိုဟုခေါ်သည့်အရွယ်ရောက်ပြီးသော ခြင်္သေ့အထီးနှင့်သားပေါက်လေးကောင်တို့သည် ကျန်တိရစ္ဆာန်ရုံနှင့် ခြောက်ပေပတ်လည် ခြံစည်းရိုးဖြင့် ခြားထားသည့် ဧရိယာတွင်ရှိနေသေးသော်လည်း မနက် ၆နာရီ ၃ဝမိနစ်ခန့်တွင် ၎င်းတို့၏လှောင်အိမ်အပြင်ဘက်တွင် ရောက်ရှိနေခြင်းကို ဗီဒီယိုမှတ်တမ်းတွင်တွေ့မြင်ခဲ့ရပြီးနောက် အဆိုပါသတိပေးချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိရိစ္ဆာန်ရုံစောင့်များက ခြင်္သေ့သားပေါက်လေးတစ်ကောင်ကို မေ့ဆေးပေးကာ ပြန်ခေါ်ခဲ့ရပြီး ကျန်လေးကောင်မှာ ၎င်းတို့၏သဘောအတိုင်းပင် လာရာလမ်းအတိုင်း ပြန်သွားခဲ့ကြသည်။

အဓိကပြသရာနေရာမှ ခြင်္သေ့များလွတ်မြောက်သွားပြီးနောက် ၁ဝ မိနစ်အတွင်း အရေးပေါ်တုံ့ပြန်မှုကို ဆောင်ရွက်ခဲ့ကြောင်း တိရစ္ဆာန်ရုံက ပြောကြားခဲ့သည်။  ခြင်္သေ့များသည်နံနက် ၉ နာရီတွင် ၎င်းတို့၏လှောင်အိမ်အတွင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။

ယခုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များb ထိခိုက်ဒဏ်ရာရခြင်းမရှိသည့်အပြင် တိရစ္ဆာန်ရုံကိုလည်းပုံမှန်အတိုင်း ဖွင့်လှစ်ထားသည်။

ရဲများကိုတိရစ္ဆာန်ရုံသို့ခေါ်ယူခဲ့ရပြီးဝန်ထမ်းများက "ဟိန်းခြင်းနှင့်ဟောက်ခြင်း" အစီအစဉ်မှ ဧည့်သည်များကို အန္တရာယ်ရှိရာနေရာမှ ဝေးရာသို့ အလျင်အမြန်ပို့ဆောင်ခဲ့ကြသည်။

တိရစ္ဆာန်ရုံကလတ်တလောတွင် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး တိရစ္ဆာန်များ မည်သို့လွတ်မြောက်သွားသည်ကို မသိရသေးပေ။ 

ဗီဒီယိုများ