- ရခိုင်အတွက် ကော်ရီဒိုဟာ ဘင်္ဂလားဒေ့ရှ်အတွက် လောင်းကြေးလား
- AA ထိန်းချုပ်နယ်မြေထဲ ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိလာ
- မေလအတွင်း လှေနစ်သေဆုံးသူ မွတ်ဆလင်ဒုက္ခသည် ၄၀၀ ကျော်အထိ ရှိနိုင်ကြောင်း ကုလပြော
- လေယာဉ်အန္တရာယ်ကြောင့် နေရာရွှေ့ပြောင်းနေရသည့် ကျောက်တော် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
- AA ၏ ရခိုင်ပြည် ပြင်ပထွက်ခွာခွင့် တားမြစ်ချက်အပေါ် အမြင် (Vox Pop)
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နေအိမ်ကို ရဲတပ်ဖွဲ့ဝင်စီး၊ အဓိကရုဏ်းများအတွင်း ထောက်ခံသူ ၆၁ ဦးအထိ ဖမ်းဆီးခံရ
ပါကစ္စတန်ရဲတပ်ဖွဲ့သည် လာဟိုးမြို့တွင်ရှိသည့် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်၏ နေအိမ်ကို စနေနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး ခန်ကိုထောက်ခံသူများနှင့် ရဲတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်း ထောက်ခံသူ ၆၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
20 Mar 2023
ပါကစ္စတန်ရဲတပ်ဖွဲ့သည် လာဟိုးမြို့တွင်ရှိသည့် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်၏ နေအိမ်ကို စနေနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး ခန်ကိုထောက်ခံသူများနှင့် ရဲတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်း ထောက်ခံသူ ၆၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ခန်၏ တီရစ်အီအင်ဆက်ပါတီဝင်များ ချထားသည့် အတားအဆီးများကို ဖယ်ရှားခဲ့ရသည်ဟု စီးနင်းမှုကို ဦးဆောင်ခဲ့သည့် အကြီးတန်း ရဲအရာရှိ ဆူဟေးဆူခါရာက ပြောကြားသည်။ ပါတီဝင်များနှင့် ခန်၏ အမာခံထောက်ခံသူများသည် နေအိမ်သို့ သွားရာလမ်းတလျှောက်တွင် ကွန်ကရစ်တုံးများ၊ ခုတ်လှဲထားသော သစ်ပင်များ ဖြန့်ချထားသလို ထရပ်ကားများလည်း ရပ်နားထားကြကြောင်း သူက ပြောသည်။
ရဲတပ်ဖွဲ့က ဝင်စီးချိန်၌ ဝန်ကြီးချုပ်ဟောင်းခန်သည် နေအိမ်တွင် ရှိမနေပေ။ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်နေစဉ် အစိုးရပိုင် လက်ဆောင်ပဏ္ဍာများကို ရောင်းချခဲ့သလို သူ၏ ပိုင်ဆိုင်မှုများကိုလည်း ကွယ်ဝှက်ထားခဲ့သည်ဟူသော စွပ်စွဲချက်ကို ရင်ဆိုင်ရန်အတွက် အစ္စလာမာဘက်မြို့ရှိ တရားရုံးသို့ သွားရောက်နေချိန် ဖြစ်သည်။ တရားသူကြီးက အဆိုပါကြားနာပွဲကို မတ်လ ၃၀ ရက်နေ့အထိ ရွှေ့ဆိုင်းထားသည်။
တုတ်များ ကိုင်ထားကြသော ထောက်ခံသူများသည် ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ပုလင်းဗုံးများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့သလို ခန်နေအိမ် ခေါင်မိုးပေါ်မှလည်း လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ခုခံသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ဖောက်ခွဲဖြိုခွင်းခဲ့သလို နေအိမ်များအထိ လိုက်လံဖမ်းဆီးခြင်းများလည်း ရှိခဲ့သည်။ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် အနည်းဆုံး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူပေါင်း ၆၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
ခန်၏ နေအိမ်ကို ရဲတပ်ဖွဲ့က စီးနင်းခဲ့ပြီးနောက် အော်တိုသေနတ်များ၊ လက်နက်ခဲယမ်းများ၊ ပုလင်းဗုံးများ၊ ပြီးခဲ့သည့် သီတင်းပတ်တလျှောက် ရဲတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည် သံတုတ်များ သိမ်းဆည်းရမိခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်သည် ယမန်နှစ် ဧပြီလတွင် လွှတ်တော်၌ အယုံအကြည်မရှိ အဆို တင်သွင်းခံရပြီးနောက် ရာထူးစွန့်လွှတ်ခဲ့ရသည်။ ခန်ကို စွပ်စွဲမှုများ၌ အစိုးရပိုင် လက်ဆောင်ပဏ္ဍာများကို ရောင်းချခြင်းများနှင့် ပိုင်ဆိုင်မှုများကို ဖုံးကွယ်ထားခြင်းများ ပါဝင်သည်။ ခန်ကမူ သူ့ကို ရာထူးမှပြုတ်ကျအောင် ဆောင်ရွက်ရာတွင် သူ့ရှေ့က ဝန်ကြီးချုပ်ဟောင်း ရှာဘက်ရှာရစ်နှင့် အမေရိကန်တို့လည်း ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ဝါရှင်တန်နှင့် ရှာရစ်ရုံးတို့က အဆိုပါစွပ်စွဲချက်ကို ငြင်းပယ်ထားသည်။