- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
၂၀၂၀ နိုဘယ်ငြိမ်းချမ်းရေးဆု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရရှိ
အစာရေစာ ငတ်မွတ်ခေါင်းပါးမှုအား စစ်ပွဲနှင့် ပဋိပက္ခများအတွင်း လက်နက်တစ်ခုအဖြစ် အသုံးချနေကြခြင်းကို တိုက်ဖျက်နိုင်ရန် WFP အဖွဲ့သည် အဓိကမောင်းနှင်အားအဖြစ် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း နိုဘယ်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဌအမျိုးသမီး ဘဲရစ်ရိုက်စ်အန်ဒါဆင်က ဆုကြေညာစဉ် ပြောကြားသည်။
10 Oct 2020

၂၀၂၀ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ရရှိသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
WFP သည် လက်ရှိအချိန်၌ ယီမင်မှသည် မြောက်ကိုးရီးယားအထိ ကမ္ဘာ့နိုင်ငံ အများအပြားတွင် လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာ ဖြန့်ဝေပေးနေသည့် ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုဖြစ်သည်။
အစာရေစာ ငတ်မွတ်ခေါင်းပါးမှုအား စစ်ပွဲနှင့် ပဋိပက္ခများအတွင်း လက်နက်တစ်ခုအဖြစ် အသုံးချနေကြခြင်းကို တိုက်ဖျက်နိုင်ရန် WFP အဖွဲ့သည် အဓိကမောင်းနှင်အားအဖြစ် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း နိုဘယ်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဌအမျိုးသမီး ဘဲရစ်ရိုက်စ်အန်ဒါဆင်က ဆုကြေညာစဉ် ပြောကြားသည်။
“ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ဒွန်တွဲလျက်ရှိနေတယ်ဆိုတာကို ဒီဆုက ထင်ထင်ရှားရှား အသိပေးလိုက်တာပါပဲ” ဟု WFP ၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း တစ်ခုက နိုဘယ်ဆုရရှိခြင်းသည် ယခုဆုနှင့်ဆိုလျှင် ၁၂ ကြိမ်မြောက်ဖြစ်သည်။
ဆုအဖြစ် ရွှေတံဆိပ်တစ်ခု၊ ဆုလက်မှတ်တစ်ခုနှင့် အမေရိကန်ဒေါ်လာ ၁.၁ သန်းတန်ဖိုးရှိသည့် ခရိုနာငွေ ၁၀ သန်း ရရှိမည်ဖြစ်သည်။
WFP အဖွဲ့အား ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ WFP သည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံ ၈၈ နိုင်ငံအတွက် စားနပ်ရိက္ခာခွဲတမ်း ၁၅ ဘီလျံခန့် ဖြန့်ဝေခဲ့သည်။ ပြီးခဲ့သောနှစ်အတွင်း WHO ၏ အကူအညီကို ရယူခဲ့သူစုစုပေါင်း ၉၇ သန်းခန့်ရှိသည်ဟု AFP သတင်းတွင်ဖော်ပြထားသည်။