- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
ဖိလစ်ပိုင်မှာ မုန်တိုင်းဝင်ပြီး မိုးကြီးမှုကြောင့် သေဆုံးသူ ၇၂ ဦးအထိ မြင့်တက်
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းခရိုင်များတွင် အပူပိုင်းမုန်တိုင်း နာဂေးကြောင့် သေဆုံးသူအရေအတွက်သည် ၇၂ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ် ကူညီရေးအေဂျင်စီက အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
29 Oct 2022

ဓာတ်ပုံများ - AFP, Reuters
DMG ၊ အောက်တိုဘာ ၂၉
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းခရိုင်များတွင် အပူပိုင်းမုန်တိုင်း နာဂေးကြောင့် သေဆုံးသူအရေအတွက်သည် ၇၂ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ် ကူညီရေးအေဂျင်စီက အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
လတ်တလောတွင် ပျောက်ဆုံးနေသူ ၁၄ ဦးရှိကာ ဒဏ်ရာရသူလည်း ၃၃ ဦးရှိနေကြောင်း အေဂျင်စီပြောခွင့်ရ ဘာနာဒိုရာဖယ်လီတိုအယ်လက်ဟင်ဒရိုက DZMM ရေဒီယိုသတင်းဌာနသို့ ဖြေကြားခဲ့သည်။
နိုင်ငံတောင်ပိုင်း ခရိုင်များတွင် ကြာသပတေးနေ့ ညပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများနှင့်အတူ နေရာအနှံ့ မြေပြိုကျမှုများပါ ဖြစ်ပွားခဲ့သည်။
မုန်တိုင်းဒဏ်နှင့်အတူ ရုတ်ခြည်း ရေမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံအများအပြားသည် ပြင်ဆင်ချိန် မရခဲ့ကြဟု တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။ ရေကြီးမှုကြောင့် သစ်ပင်များ အမြစ်မှပြိုလဲခြင်း၊ ကျောက်တုံးများနှင့် ရွှံ့နွံများ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် သောကြာနေ့တွင် လူသေအလောင်းများအား ရေပြည့်နေသောနေရာများနှင့် မြေပြိုကျပြီး ရွှံ့နွံ့လွှမ်းမိုးနေသော နေရာများမှ ဆွဲထုတ်ခဲ့ရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မာဂင်ဒါနိုခရိုင်သည် ဘေးဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရပြီး သေဆုံးသူ ၆၇ ဦးအထိရှိသည်။
“ကျွန်တော်တို့အခု ကယ်ဆယ်ရေးအဖွဲ့အားလုံးကို စုစည်းနေပါတယ်”ဟု မာဂင်ဒါနိုခရိုင် သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး အေဂျင်စီမှ ပြောခွင့်ရ နာစရူလာအင်မမ်က ပြောကြားသည်။
“မိုးရွာတာရပ်သွားပြီဆိုတော့ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ပိုအဆင်ပြေမှာပါ”ဟုလည်း သူကပြောသည်။
နာဂေးမုန်တိုင်းသည် တစ်နာရီလျှင် ၅၃ မိုင်အထိ လေတိုက်နှုန်းရှိခဲ့ပြီး အချို့နေရာများတွင် ၉၉.၄ မိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ စနေနေ့အစောပိုင်းတွင် မုန်တိုင်းသည် နိုင်ငံအရှေ့ပိုင်း ကာတန်ဒူနက်ခရိုင်ဘက်မှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။