- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က သူ့အပေါ် ဖမ်းဝရမ်း ထုတ်လိုက်ပြီးနောက် မနီလာလေဆိပ်တွင် ယနေ့ ဖမ်းဆီးခံလိုက်ရကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
11 Mar 2025

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က သူ့အပေါ် ဖမ်းဝရမ်း ထုတ်လိုက်ပြီးနောက် မနီလာလေဆိပ်တွင် ယနေ့ ဖမ်းဆီးခံလိုက်ရကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
ဟောင်ကောင်မှ ပြန်ရောက်လာသည့် ဒူတာတေသည် မနီလာလေဆိပ်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ထားသည်။
လက်ရှိ အသက် ၇၉ နှစ်ရှိပြီဖြစ်သည့် ဒူတာတေသည် ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်း သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းများကို ပြင်းပြင်းထန်ထန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အဆိုပါ စီမံချက်များအတွင်း ရဲတပ်ဖွဲ့ဝင်များ၏ အဆင်ခြင်မဲ့ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ဖိလစ်ပိုင်နိုင်ငံသား ၃ သောင်းဝန်းကျင်ခန့် သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောကြားထားသည်။
သေဆုံးသူများအနက် အများစုမှာ ဆင်းရဲသား မြို့နေလူငယ်များ ဖြစ်ကာ ၎င်းတို့ထဲမှ အချို့မှာ မူးယစ်ဆေးဝါး ကုန်သွယ်ရေးနှင့် မည်သို့မျှ မပတ်သက်သူများဟုလည်း တက်ကြွလှုပ်ရှားသူများက ပြောသည်။
ဒူတာတေ၏ ရှေ့နေဖြစ်သူ ဆာဗေဒိုပါနဲလိုကမူ ရိုဒရီဂို ဒူတာတေ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံသည် ICC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသည်ဖြစ်ရာ ယခုကဲ့သို့ ဖမ်းဆီးမှုသည် တရားမဝင်ကြောင်း ပြောကြားထားသည်။
မူးယစ်တိုက်ဖျက်ရေး စီမံချက်များ အကောင်အထည် ဖော်နေစဉ်ကာလအတွင်း ICC က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာချိန်၌ ဒူတာတေသည် ဖိလစ်ပိုင်ကို ICC မှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ICC သည် ပြီးခဲ့သည့် လများအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုပါ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခဲ့သေးသည်။