ပိုလန်နိုင်ငံကို ဒုံးကျည်ကျရောက်မှုက နေတိုးရဲ့ လေကြောင်းရန်ကာကွယ်ရေး ဟာကွက်ကို ဖော်ပြနေ

ပြီးခဲ့တဲ့အင်္ဂါနေ့က ပိုလန်နိုင်ငံနယ်စပ်မှာ လွင့်စဉ်ထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲခဲ့တဲ့နေရာက ယူကရိန်းနိုင်ငံနဲ့နယ်စပ် လေးမိုင်အကွာမှာရှိတဲ့ ပိုလန်စိုက်ပျိုးရေးရွာတစ်ရွာ ဖြစ်ပါတယ်။

By Admin 17 Nov 2022

ပိုလန်နိုင်ငံကို ဒုံးကျည်ကျရောက်မှုက နေတိုးရဲ့ လေကြောင်းရန်ကာကွယ်ရေး ဟာကွက်ကို ဖော်ပြနေ

ပိုလန်-ယူကရိန်းနယ်စပ်ကျေးရွာကို ဒုံးကျည်မတော်တဆ ထိမှန်ပေါက်ကွဲပြီးနောက် မြင်တွေ့ရပုံ။ (ဓာတ်ပုံ – Reuters)

DMG | နိုဝင်ဘာ ၁၇

ပြီးခဲ့တဲ့အင်္ဂါနေ့က ပိုလန်နိုင်ငံနယ်စပ်မှာ လွင့်စဉ်ထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲခဲ့တဲ့နေရာက ယူကရိန်းနိုင်ငံနဲ့နယ်စပ် လေးမိုင်အကွာမှာရှိတဲ့ ပိုလန်စိုက်ပျိုးရေးရွာတစ်ရွာ ဖြစ်ပါတယ်။

ဒီဒုံးကျည်ဟာ ရုရှားနိုင်ငံကပစ်တာထက် ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးက ပစ်ခတ်ခဲ့တာ ပိုဖြစ်နိုင်တယ်လို့ နေတိုးအကြီးအကဲ Jens Stoltenberg က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုတစ်ခုဖြစ်နိုင်ပေမယ့် အခုကိစ္စက နောက်ထပ်ဘယ်လို ပဋိပက္ခမျိုးတွေကိုမဆို ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း စစ်အေးတိုက်ပွဲကာလ နောက်ပိုင်း ဆယ်စုနှစ်များစွာ လျစ်လျူရှုထားတဲ့ နေတိုးလေကြောင်းရန် ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ကွက်လပ်တွေကို ပြန်ပြီးဖြည့်တင်းဖို့ အရေးကြီးနေပြီဆိုတာကို ဒီဖြစ်ရပ်က ဖော်ပြနေပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ အခုလိုအန္တရာယ်ကြီးတဲ့ အမှားမျိုးတွေ ဆက်ပြီးဖြစ် လာနိုင်ပါတယ်။

“ဒီလိုမတော်တဆမှုမျိုး ဖြစ်လာတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ရတော့မယ့်အချိန် ရောက်လာပြီ”လို့ နာမည်မဖော် လိုတဲ့ နေတိုးလေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ရိုက်တာကို ပြောခဲ့ပါတယ်။

“နည်းပညာပိုင်းဆိုင်ရာအမှား ဒါမှမဟုတ် လူသားကျူးလွန်တဲ့အမှားကြောင့် ရုရှားဒုံးကျည်က လမ်းမှားပြီးပျံသန်းလာတာမျိုး လည်းဖြစ်နိုင်တယ်” လို့ သူကပြောပါတယ်။

“ပစ်မှတ်ကိုလွဲချော်သွားခဲ့ရင်တော့ လောင်စာကုန်တဲ့အထိ ပျံသန်းပြီး နောက်ဆုံးမှာပျက်ကျသွားလိမ့်မယ်။ ဒုံး ကျည်အဟောင်းတွေက ပိုပြီးမှားနိုင်ခြေများတယ်”လို့လည်း သူကဖြည့်စွက် ပြောခဲ့ပါတယ်။

Raytheon’s Patriot လို မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေး စနစ်တွေက ကျုးကျော်ဝင်ရောက်လာတဲ့ ဒုံးကျည်တွေကို ကြားကနေဖျက်ချဖို့အတွက် တည်ဆောက်ထားပါတယ်။ ဒါပေမယ့် စစ်အေးတိုက်ပွဲပြီးဆုံးပြီး နောက်ပိုင်းမှာတော့ အီရန်နိုင်ငံလိုနိုင်ငံတွေက လာတဲ့ ဒုံးကျည်ခြိမ်းခြောက်မှုမျိုးကိုသာ ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့ ယူဆချက်နဲ့ နေတိုးမဟာမိတ်အများအပြားက လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့အရေအတွက်ကို လျှော့ချခဲ့ ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်လာပြီး နောက်ပိုင်းမှာတော့ ဒီခံယူချက်က သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး နေတိုးမဟာမိတ်တွေကို လက်နက်ခဲယမ်းကို တိုးမြှင့်သိုလှောင်ဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် ပြတ်တောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်။

ဗီဒီယိုများ