- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဗုံးပါသည်ဟု ခရီးသည်တစ်ဦးက ခြိမ်းခြောက်ခဲ့သောလေယာဉ်ကို တိုက်လေယာဉ်များ ခြံရံလျက် စင်္ကာပူတွင် ဆင်းသက်
ဆန်ဖရန်ဆစ္စကိုမြို့မှ စင်္ကာပူသို့ မောင်းနှင်လာသည့် လေယာဉ်တစ်စီးပေါ်တွင် ခရီးသည်တစ်ဦးက ဗုံးပါသည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် အဆိုပါလေယာဉ်ကို တိုက်လေယာဉ်များ ခြံရံလိုက်ပါလျက် ချန်ဂီလေဆိပ်သို့ ဆင်းသက်စေခဲ့ကြောင်း စင်္ကာပူရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
28 Sep 2022

DMG ၊ စက်တင်ဘာ ၂၈
ဆန်ဖရန်ဆစ္စကိုမြို့မှ စင်္ကာပူသို့ မောင်းနှင်လာသည့် လေယာဉ်တစ်စီးပေါ်တွင် ခရီးသည်တစ်ဦးက ဗုံးပါသည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် အဆိုပါလေယာဉ်ကို တိုက်လေယာဉ်များ ခြံရံလိုက်ပါလျက် ချန်ဂီလေဆိပ်သို့ ဆင်းသက်စေခဲ့ကြောင်း စင်္ကာပူရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
စင်္ကာပူလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် ၃၃ သည် ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်က ချန်ဂီလေဆိပ်သို့ ဘေးကင်းစွာဆင်းသက်ခဲ့သည်ဟု စင်္ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
လေကြောင်းလိုင်းမှ သီးခြားထုတ်ပြန်ချက်တစ်ရပ်တွင်လည်း အဆိုပါလေယာဉ်ကို ဘေးလွတ်ရာတွင် ဆင်းသက်စေခဲ့ပြီး လိုအပ်သော လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။ လေယာဉ်ပေါ် လိုက်ပါလာသော ခရီးသည်များနှင့် ဝန်ထမ်းများအားလုံးလည်း ပုံမှန်အတိုင်း ဆင်းသက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဗုံးပါလာသည်ဟု ခြိမ်းခြောက်ခဲ့သည့် ၃၇ နှစ်အရွယ် အမျိုးသားအား ကနဦးတွင် လေယာဉ်ဝန်ထမ်းများက ထိန်းသိမ်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။ သူသည် မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ဟု ယူဆရကြောင်းလည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သောဇူလိုင်လကလည်း ဗြိတိန်ဆယ်ကျော်သက်တစ်ဦးက ဗုံးခြိမ်းခြောက်မှုတစ်ရပ် ဆိုရှယ်မီဒီယာပေါ်၌ ရေးတင်ခဲ့သည့်အတွက် စပိန်နိုင်ငံ၌ ခရီးသည်တင် လေယာဉ်တစ်စီးကို တိုက်လေယာဉ်တစ်စီးခြံရံကာ ဆင်းသက်ခဲ့ရသည်။