- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
တူရကီငလျင်ကြောင့် သေဆုံးသူ ၆၀ ကျော်ပြီ
တူရကီနိုင်ငံတွင် သောကြာနေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်းသည် တနင်္ဂနွေနေ့ ညပိုင်းအထိ ၆၄ ဦးရှိသွားပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Nov 2020

တူရကီနိုင်ငံတွင် သောကြာနေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်းသည် တနင်္ဂနွေနေ့ ညပိုင်းအထိ ၆၄ ဦးရှိသွားပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တူရကီနိုင်ငံ အနောက်ပိုင်း ဂရိနယ်စပ်တွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်သည် ပြင်းအား ၇.၀ မဂ္ဂနီကျူရှိခဲ့သည်။ ငလျင်လှုပ်ခတ်မှုကို အီစတန်ဘူအပါအဝင် တူရကီအနောက်ပိုင်း ဒေသတလျှောက်နှင့် ဂရိ မြို့တော် အေသင်အထိ ခံစားခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြကြသည်။
ငလျင်ကြောင့် ဆူနာမီအသေးစားတစ်ခု ပေါ်ပေါက်ခဲ့ပြီး ဆာမို့စ်နှင့် အီဇမီယာဒေသများအထိ ရိုက်ခတ်ခဲ့သည်။
ငလျင်ဒဏ်အပြင်းဆုံး ခံခဲ့ရသည့် အီဇမီယာမြို့တွင် အဆောက်အအုံ ၃၀၀ နီးပါးအထိ ပျက်စီးမှုရှိခဲ့သော်လည်း အများစုမှာ အသေးစားပျက်စီးမှုများသာ ဖြစ်ကြောင်း တူရကီဒုသမ္မတ Fuat Oktay က ဆိုသည်။ ဒဏ်ရာရသူ အရေအတွက်မှာ ၉၀၀ ကျော်သွားပြီဖြစ်သည်။
အပျက်အစီးပုံများအကြား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ စုစုပေါင်း ၆၀၀၀ ခန့်ရှိပြီး လက်ရှိအချိန်အထိ ပိတ်မိနေသူများကို ကယ်ထုတ်နေကြဆဲ ဖြစ်ကြောင်း
အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အပျက်အစီးပုံများကြားတွင် ပိတ်မိနေသူ ၁၀ ဦး ထက်မနည်း ရှိနိုင်သေးကြောင်း ရှာဖွေရေး ဆောင်ရွက်နေသူတစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားသည်။