- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
ယူကရိန်းအရေး ရုရှားနှင့် ယူကေကာကွယ်ရေးဝန်ကြီးတို့ တွေ့မည်
ယူကရိန်းအရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ယူကေကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အား ရုရှားကာကွယ်ရေးဝန်ကြီးက လက်ခံလိုက်ကြောင်း သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
24 Jan 2022

ယူကရိန်းအရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ယူကေကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အား ရုရှားကာကွယ်ရေးဝန်ကြီးက လက်ခံလိုက်ကြောင်း သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
“၂၀၁၃ ခုနှစ်က လန်ဒန်မှာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံအကြား ကာကွယ်ရေးတွေ့ဆုံမှုအပေါ် အခြေခံပြီး ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂုဟာ မော်စကိုမှာတွေ့ဆုံဖို့ လက်ခံလိုက်တာဖြစ်ပါတယ်” ဟုလည်း ယူကေကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က စနေနေ့တွင် ပြောကြားသည်။
နှစ်ဘက်ဆွေးနွေးရန် ရုရှားဘက်က လက်ခံလိုက်သည့်အတွက် ယူကေ ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ကလည်း ဝမ်းသာလျက်ရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။
ရုရှားတို့သည် ယူကရိန်းနယ်စပ်တွင် တင့်ကားများ၊ တိုက်ခိုက်ရေးယာဉ်များ၊ လက်နက်ကြီးများနှင့် ဒုံးကျည်များအပါအဝင် တပ်သားအင်အား အုံလိုက်ကျင်းလိုက် နေရာချထားသည်။
ရုရှားဘက်က အချိန်မရေး စတင်တိုက်ခိုက်လာနိုင်ခြေရှိသည်ဟု အမေရိကန်က ယုံကြည်ထားပြီး ရုရှားတို့ကမူ ကျူးကျော်မည့်အစီအစဉ်မရှိဟု ငြင်းဆိုပြောကြားထားသည်။
သို့သော်လည်း ရုရှားသည် အခြားတစ်ဘက်တွင်မူ တပ်ရုတ်သိမ်းရေးနှင့် ပတ်သက်ပြီး ယူကရိန်း၏ နေတိုးအဖွဲ့ဝင်ဖြစ်မှုနှင့် ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်အပါအဝင် လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်များ ထုတ်ပြန်တောင်းဆိုထားသည်။
“ယူကရိန်းအရေးနဲ့ ပတ်သက်လို့ တည်ငြိမ်မှုနဲ့ အဖြေတစ်ရပ် ရနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ ရှာဖွေသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က အေအက်ဖ်ပီသို့ ဖြေကြားသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယူကရိန်းရှိ မော်စကိုထောက်ခံသူများ ခွဲထွက်ရေးလှုပ်ရှားနေသော နယ်မြေများဖြစ်သည့် ဒွန်နက်စ်နှင့် လွန်ဂက်စ် နယ်မြေများအပါအဝင် ကရိုင်းမီးယားဒေသသို့ပါ ခရီးသွားခြင်းမပြုကြရန် ယူကေနိုင်ငံသားအများအား အကြံပြုထားသည်။ ယူကရိန်းရှိ ဗြိတိန်နိုင်ငံသားများ အားလုံးအနေဖြင့် မိမိတို့ရောက်ရှိနေသည့် နေရာကို အသိပေးထားကြရန်လည်း ဝန်ကြီးဌာနက အကြံပြုထားသည်။