- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
ယူကရိန်းအတွက် ပေးနေသည့် စစ်ရေး အကူအညီများ အမေရိကန် ဆိုင်းငံ့
သမ္မတထရမ့်နှင့် ယူကရိန်းသမ္မတဇီလင်စကီးတို့အကြား စကားများခဲ့ကြပြီး ရက်အနည်းငယ် အကြာ၌ ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
04 Mar 2025

သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းအတွက် ပေးနေသည့် စစ်ရေးအကူအညီများကို မတ်လ ၃ ရက်၊ တနင်္လာနေ့မှ စတင်၍ ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်သည်။
သမ္မတထရမ့်နှင့် ယူကရိန်းသမ္မတဇီလင်စကီးတို့အကြား စကားများခဲ့ကြပြီး ရက်အနည်းငယ် အကြာ၌ ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
"ငြိမ်းချမ်းရေးကို အဓိကအာရုံစိုက်မယ်လို့ သမ္မတကြီးက ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်" ဟု အမည်မဖော်လိုသည့် အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
"အကူအညီတွေကို ဆိုင်းငံ့လိုက်ပြီဖြစ်ပြီး ကျွန်တော်တို့ရဲ့ အကူအညီတွေက အဖြေရှာဖွေရေးမှာ အထောက်အပံ့ ဖြစ်မဖြစ်ကို စိစစ်နေပါတယ်" ဟုလည်း အဆိုပါအရာရှိက ပြောကြားသည်။
အကူအညီဆိုင်းငံ့မှုသည် ချက်ချင်း အသက်ဝင်ပြီဖြစ်ပြီး ယူကရိန်းသို့ ပို့ရန် ပြင်ဆင်နေသည့် အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာ တန်ဖိုးရှိသည့် လက်နက်များမှာ မပို့ရဘဲ ရပ်ဆိုင်းသွားပြီဟု နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတထရမ့်က မိမိအနေဖြင့် ဇီလင်စကီး၏ ခေါင်းမာမှုအပေါ် ကြာကြာ သည်းခံနေမည်မဟုတ်ဟု တနင်္လာနေ့၌ပင် ပြောကြားခဲ့သလို ယူကရိန်းခေါင်းဆောင်သည် အမေရိကန်၏ အကူအညီကို ပိုမိုတန်ဖိုးထားသင့်သည်ဟုလည်း ပြောသည်။
အိမ်ဖြူတော်တွင် ပြောကြားရာ၌ ထရမ့်က ဇီလင်စကီးသည် မော်စကိုနှင့် အပစ်ရပ် သဘောတူညီချက် မရလျှင် ကြာကြာခံမည်မဟုတ်ဟုလည်း ပြောဆိုခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အိမ်ဖြူတော်၌ ကမ္ဘာ့သတင်းမီဒီယာများရှေ့တွင် အကြီးအကျယ် စကားများခဲ့ကြသည်။
စကားများကြစဉ် သမ္မတထရမ့်က ယူကရိန်းအတွက် ပေးနေသည့် အကူအညီများကို ရပ်ဆိုင်းမည်ဟုလည်း ပြောဆိုခဲ့သည်။
"မင်းအနေနဲ့ သဘောတူညီချက် တစ်ရပ် ယူရင်ယူ၊ မယူရင် ငါတို့တော့ ထွက်ပြီ။ ငါတို့ထွက်ရင် မင်း အသည်းအသန် တိုက်ပွဲဝင်ရတော့မှာ။ သိပ်လှလှပပ ဖြစ်မယ်လို့တော့ ငါတော့ မထင်ဘူး" ဟု ထရမ့်က ဇီလင်စကီးကို ပြောကြားခဲ့သည်။