- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြန်မာကို ဒဏ်ခတ်အရေးယူမည့် အစီအစဉ်အား ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတွင် တရုတ်ပယ်ချ
တရုတ်သည် မြန်မာနိုင်ငံတွင် “ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေး” တစ်ရပ် လိုလားကြောင်း၊ သို့သော်လည်း ဒဏ်ခတ်အရေးယူမည့် အစီအစဉ်များကိုမူ ပယ်ချကြောင်း မတ်လ ၃၁ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတွင် တရုတ်က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Apr 2021

DMG ၊ ဧပြီ ၁
တရုတ်သည် မြန်မာနိုင်ငံတွင် “ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေး” တစ်ရပ် လိုလားကြောင်း၊ သို့သော်လည်း ဒဏ်ခတ်အရေးယူမည့် အစီအစဉ်များကိုမူ ပယ်ချကြောင်း မတ်လ ၃၁ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတွင် တရုတ်က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ အခြေအနေ စောနိုင်သမျှ စောစော ပြည်လည်တည်ငြိမ်အေးချမ်းလာပြီး ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးသို့ ဖြည်းဖြည်းမှန်မှန်ဖြင့် အဆင့်မြှင့်တင်သွားနိုင်ရေးအတွက် တရုတ်က မျှော်လင့်ကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Zhang Jun က တံခါးပိတ်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံအကျိုးစီးပွားဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဆူပူအုံကြွမှုများ တာရှည်လာပါက မြန်မာအပါအဝင် ဒေသတွင်းတစ်ခုလုံးအတွက် အဖတ်ဆယ်မရ ဖြစ်သွားနိုင်ကြောင်းလည်း တရုတ်ကိုယ်စားလှယ်က ပြောသည်။
မြန်မာလူထု၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ၊ နိုင်ငံခြားသားများ၏ စီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးသင့်ကြောင်း၊ ၎င်းတို့ကို တိုက်ခိုက်ဖျက်ဆီးမှုများအား လက်ခံနိုင်စရာမရှိကြောင်းလည်း တရုတ်ကိုယ်စားလှယ်က ပြောကြားသွားသည်။