အမေရိကန်တွင် ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်သည့်ပြည်နယ်များ အရေအတွက်များလာ

အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကိုယ်ဝန်ဖျက်ချက်မှုကို တရားမဝင်ကြောင်း ဥပဒေပြဌာန်းကြသည့် ပြယ်နယ်အရေအတွက် ပိုများလာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အားကောင်းသည့် လူထုလှုပ်ရှားမှုများနှင့် တရားရေးဆိုင်ရာ ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ သန်းပေါင်းများစွာသော အမျိုးသမီးများ၏ စိစစ်ကိုယ်ဝန်ဖျက်ချခွင့်များပါ ထပ်တိုးကန့်သတ်ခံနေရသည်ဟု သတင်းတွင် ဖော်ပြသည်။

27 Aug 2022

ဓာတ်ပုံ - AFP

DMG ၊ သြဂုတ် ၂၇

အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကိုယ်ဝန်ဖျက်ချက်မှုကို တရားမဝင်ကြောင်း ဥပဒေပြဌာန်းကြသည့် ပြယ်နယ်အရေအတွက် ပိုများလာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အားကောင်းသည့် လူထုလှုပ်ရှားမှုများနှင့် တရားရေးဆိုင်ရာ ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ သန်းပေါင်းများစွာသော အမျိုးသမီးများ၏ စိစစ်ကိုယ်ဝန်ဖျက်ချခွင့်များပါ ထပ်တိုးကန့်သတ်ခံနေရသည်ဟု သတင်းတွင် ဖော်ပြသည်။

အခြားသော ရီပါပလစ်ကန်ထိန်းချုပ်ရာ ပြည်နယ် ၁၀ ခုနည်းတူ အိုက်ဒဲဟို၊ တင်နက်ဆီနှင့် တက္ကဆက်ပြည်နယ်များသည်လည်း ကိုယ်ဝန်ဖျက်ချမှုကို လုံးဝနီးပါး တားမြစ်ထားသည့် ဥပဒေကို ကြာသပတေးနေ့တွင် အတည်ပြုခဲ့သည်။

နောက်ထပ် ပြည်နယ်တစ်ဒါဇင်ခန့်သည်လည်း ကိုယ်ပိုင်စည်းကမ်းများဖြင့် ဥပဒေများချမှတ်ကာ ကန့်သတ်ရန်စီစဉ်နေကြသဖြင့် ကိုယ်ဝန်ဖျက်ချမှုတားမြစ်သည့် ပြည်နယ်အရေအတွက်သည် ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတော်တရားရုံးချုပ်သည် အမျိုးသမီးများ၏ ကိုယ်ဝန်ဖျက်ချခွင့်ကို ဖော်ပြထားသည့် အထင်ကရ ၁၉၇၃ ‘Roe v. Wade’ ဥပဒေကိုပြီးခဲ့သော ဇွန်လ ၂၄ ရက်နေ့တွင် ပယ်ဖျက်ခဲ့သည်။ ဤပယ်ဖျက်မှုနှင့်အတူ ပြည်နယ်များသည် ကိုယ်ပိုင်သီးခြားဥပဒေများ ပြဌာန်းခွင့်ရှိလာပြီးနောက်တွင် အိုက်ဒဲဟို၊ တင်နက်ဆီနှင့် တက္ကဆက်ပြည်နယ်များတွင်ပါ ယခုကဲ့သို့ သီးခြားဥပဒေများ ပြဌာန်းလာကြခြင်း ဖြစ်သည်။

တက္ကဆက်တွင်ဆိုလျှင် ကိုယ်ဝန်ဖျက်ချသော ဆရာဝန်များသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ဒေါ်လာ တစ်သိန်းထက်မနည်းသော ငွေဒဏ် ချမှတ်ခံရမည်ဟု ဥပဒေအသစ်တွင် ဖော်ပြထားသည်။ တက္ကဆက်နှင့် တင်နက်ဆီပြည်နယ်များ၌ မုဒိမ်းကျင့်ခံရပြီး ရရှိသော ကိုယ်ဝန်များကိုလည်း ဖျက်ချခွင့်မရှိပေ။ အိုက်ဒဲဟိုပြည်နယ်တွင်မူ ဤကိုယ်ဝန်မျိုးကို ဖျက်ချခွင့်ပြုထားသည်။

အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပြည်နယ်များတွင် ကိုယ်ဝန်ဖျက်ချမှုနှင့် ပတ်သက်၍ မတူညီသောဥပဒေများ ရှိကြသည်။ အချို့ပြည်နယ်များတွင် လုံးဝဖျက်ချက်ခွင့်မရှိကြသော်လည်း အချို့ပြည်နယ်များတွင်မူ ကိုယ်ဝန်သက် ၆ ပတ်ထက်မကျော်မီ ဖျက်ချခွင့်ပြုထားသည်။

ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်ထားသော ပြည်နယ်တွင် နေထိုင်သည့် အမျိုးသမီးများသည် ဖျက်ချလိုပါက ခွင့်ပြုထားသည့် ပြည်နယ်များသို့ သွားရောက်ပြီး ဆောင်ရွက်ခြင်းများ အများအပြားရှိနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ