- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ကမ္ဘာ့ဖလားပွဲမှ နှာခေါင်းစည်းမတပ်ထားသည့် ပရိသတ်ပုံများကို တရုတ်ရုပ်သံ ဆင်ဆာဖြတ်
တရုတ်အစိုးရပိုင် စီစီတီဗီရုပ်သံဌာနသည် တနင်္ဂနွေနေ့က ထုတ်လွှင့်သည့် ကမ္ဘာ့ဖလားပွဲစဉ်၌ နှာခေါင်းစည်းမတပ်ထားသော ပရိသတ်ပုံများကို ဆင်ဆာဖြတ်ကာ ထုတ်လွှင့်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
28 Nov 2022
ဓာတ်ပုံ - Reuters
DMG | နိုဝင်ဘာ ၂၈
တရုတ်အစိုးရပိုင် စီစီတီဗီရုပ်သံဌာနသည် တနင်္ဂနွေနေ့က ထုတ်လွှင့်သည့် ကမ္ဘာ့ဖလားပွဲစဉ်၌ နှာခေါင်းစည်းမတပ်ထားသော ပရိသတ်ပုံများကို ဆင်ဆာဖြတ်ကာ ထုတ်လွှင့်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံတစ်ဝန်းတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုများသည် ကိုဗစ်ကပ်ဘေးစတင်ချိန်တည်းက အမြင့်ဆုံးအဖြစ် စံချိန်တင် ကူးစက်လျက်ရှိသည်။ တရုတ်အစိုးရသည် ကိုဗစ်-၁၉ ကန့်သတ်ချက်စည်းမျှဉ်းများ တင်းကြပ်လွန်းခြင်းအပေါ် လူထုမကျေနပ်မှုနှင့် ရင်ဆိုင်နေရသည်။
နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပသည့် ဂျပန်နှင့် ကော့စတာရီကာ အုပ်စုပွဲစဉ်ကို CCTC Sports ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ရာ၌ နှာခေါင်းစည်းမတပ်ထားသည့် ပရိသတ်ပုံများကို ဆင်ဆာဖြတ်ကာ ကစားသမားပုံများ၊ ဝန်ထမ်းများ သို့မဟုတ် ကစားကွင်းပုံများဖြင့် အစားထိုး ဖော်ပြခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက တွေ့ရှိခဲ့သည်။
အစိုးရသည် ကိုဗစ်သုညမူဝါဒကို ကျင့်သုံးလျက်ရှိပြီး တစ်နေရာရာ၌ ကိုဗစ်ကူးစက်မှုများ တွေ့ရှိပါက အဆိုပါနေရာတစ်ဝိုက်ကို ပိတ်ဆို့လိုက်ခြင်း၊ သို့မဟုတ် တစ်မြို့လုံးကို လေ့ာဒေါင်းချခြင်း၊ တင်းကျပ်လွန်းသည့် ကွာရန်တင်းစည်းကမ်းများဖြင့် ထိန်းချုပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။
လတ်တလော၌လည်း တရုတ်ဧရာမမြို့ကြီးများဖြစ်သည့် ဘေဂျင်း၊ ကွမ်ကျိုးနှင့် ချုံကင်းတို့တွင် တနင်္ဂနွေနေ့အထိ လော့ဒေါင်းချထားဆဲ ဖြစ်သဖြင့် ပြည်သူသန်းပေါင်းများစွာသည် အဆိုပါမြို့ကြီးများ၌ ပိတ်မိလျက်ရှိသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ အစောပိုင်း ၂၄ နာရီအတွင်း တရုတ်တွင် ကိုဗစ်ကူးစက်မှုစုစုပေါင်း ၄ သောင်းနီးပါးရှိခဲ့ကြောင်း သိရသည်။ အချို့နေရာများ၌ လော့ဒေါင်းစည်းကမ်းများ တင်းကြပ်စွာချမှတ်ထားသဖြင့် လူနာများသည် သွားလာရေးအခက်အခဲဖြစ်ကာ သေဆုံးရမှုများလည်း ရှိခဲ့သည်ဟု လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။