- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အနောက်အုပ်စုသည် ရုရှားနိုင်ငံ ပြိုကွဲသွားအောင် ကြိုးပမ်းနေကြသည်ဟု ပူတင်ပြော
အနောက်နိုင်ငံများသည် ရုရှားနိုင်ငံ ပြိုကွဲသွားအောင် ရည်ရွယ်လုပ်ဆောင်နေကြပြီး မိမိ၏ ယူကရိန်းစစ်ပွဲသည် ရုရှားလူမျိုးများ စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ဆောက်ရွက်နေခြင်း ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။
27 Dec 2022
ရုရှားသမ္မတ ဗလာဒီမာပူတင်။ ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၂၇
အနောက်နိုင်ငံများသည် ရုရှားနိုင်ငံ ပြိုကွဲသွားအောင် ရည်ရွယ်လုပ်ဆောင်နေကြပြီး မိမိ၏ ယူကရိန်းစစ်ပွဲသည် ရုရှားလူမျိုးများ စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ဆောက်ရွက်နေခြင်း ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။
အစိုးရပိုင် ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် သမ္မတပူတင်က ယခုကဲ့သို့ ဖြေကြားသွားခြင်း ဖြစ်သည်။
“ပထဝီနိုင်ငံရေး ပြိုင်ဘက်တွေဟာ ရုရှားပြည်ကြီးကို ဖြိုခွဲဖို့ရည်ရွယ်ထားကြတယ်” ဟု ပူတင်က ပြောကြားသည်။
“စိတ်ဝမ်းကွဲပြားအောင်လုပ်ပြီး သိမ်းပိုက်မယ်။ ဒါတွေဟာ သူတို့အမြဲတမ်း လုပ်ခဲ့၊လုပ်နေဆဲ နည်းလမ်းတွေ” ဟုလည်း ပူတင်က ပြောသည်။
သမ္မတပူတင်သည် ‘မဟာရုရှား’ အမြင်ကို ထုတ်ဖော်ပြောကြားလေ့ရှိသူ ဖြစ်ပြီး ယူကရိန်းနှင့် ရုရှားတို့သည် လူမျိုးတစ်မျိုးတည်းသာ ဖြစ်သည်ဟုလည်း ပြောကြားလေ့ရှိသည်။
“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကွဲပြားပါတယ်။ ရုရှားလူမျိုးတွေ စည်းလုံးညီညွတ်ဖို့ပါ” ဟု ပူတင်က အင်တာဗျူးတွင် ဖြေကြားသည်။
ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားတို့အား ပြန်လည်တိုက်ထုတ်ရာတွင် အနောက်နိုင်ငံများ၏ လက်နက်နှင့် ဘဏ္ဍာရေးသည် ယူကရိန်းတို့အတွက် အဓိကအကူအညီများ ဖြစ်သည်။
ယူကရိန်းသမ္မတ ဇီလင်စကီးသည် ယခုသီတင်းပတ် အစောပိုင်းက အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်၌ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ပေးအပ်မည့် အကူအညီများကို ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါအကူအညီများတွင် ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်လည်း ပါဝင်သည်။