အမေရိကန် ဘက်စကတ်ဘောကစားသမားနှင့် ရုရှား လက်နက်မှောင်ခိုသမားကို အကျဉ်းသားချင်းလဲလှယ်

ရုရှားနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ အမေရိကန်ဘတ်စကက်ဘောကြယ်ပွင့် ဘရစ်တနီ ဂရီနာနဲ့ လက်နက်ရောင်းဝယ်သူ ဗစ်တာဘောက်ကို အလှဲအလှယ်ပြုလုပ်ခဲ့ပါတယ်။ ရုရှားအကျဉ်းထောင်ကနေ ကြာသပတေးနေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက်မှာတော့ သူမနေထိုင်ရာ နေအိမ်ကို ပြန်သွားခဲ့ပါတယ်။

By Admin 10 Dec 2022

အမေရိကန် ဘက်စကတ်ဘောကစားသမားနှင့် ရုရှား လက်နက်မှောင်ခိုသမားကို အကျဉ်းသားချင်းလဲလှယ်

DMG | ဒီဇင်ဘာ ၁၀

ရုရှားနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ အမေရိကန်ဘတ်စကက်ဘောကြယ်ပွင့် ဘရစ်တနီ ဂရီနာနဲ့ လက်နက်ရောင်းဝယ်သူ ဗစ်တာဘောက်ကို အလှဲအလှယ်ပြုလုပ်ခဲ့ပါတယ်။ ရုရှားအကျဉ်းထောင်ကနေ ကြာသပတေးနေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက်မှာတော့ သူမနေထိုင်ရာ နေအိမ်ကို ပြန်သွားခဲ့ပါတယ်။

လက်နက်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဗစ်တာကို ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံမှာ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာတော့ အမေရိကန်အကျဉ်းထောင်မှာ အကျဉ်းချထားခဲ့ပါတယ်။

ဂရီနာ လွတ်မြောက်လာမှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မနက်ပိုင်းမှာ ရုပ်မြင်သံကြားကနေတဆင့် ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ အကျဉ်းသားလဲလှယ်ရေးအစီအစဉ် အောင်မြင်ကြောင်းပြောကြားခဲ့ပြီး ဂရီနာနဲ့လည်း စကားပြောခဲ့တယ်လို့ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဘိုင်ဒန်က "သူမ လုံခြုံပါတယ်။ အခု လေယာဉ်ပျံပေါ်မှာရှိနေပြီး အိမ်ပြန်လာနေတယ်။ ၂၄ နာရီအတွင်း အမေရိကန်ကိုပြန် ရောက်လာပါလိမ့်မယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။

အိုလံပစ်အားကစားသမား အကျော်အမော်ဖြစ်သလို LGBT တစ်ဦးဖြစ်တဲ့ ဂရီနာကို ဖေဖော်ဝါရီလက မော်စကိုလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး ဆေးခြောက်ဆီ အနည်းငယ်ပါဝင်တဲ့ Vape တောင့်တွေ လက်ဝယ်ထားရှိမှုနဲ့ ဩဂုတ်လတုန်းက ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ IK-2 အကျဉ်းထောင်မှာ အချိန်တချို့ ကုန်ဆုံးခဲ့ပြီးနောက် ဂရီနာအနေနဲ့ မလိုအပ်ဘဲရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ ပြန်ပြီးသက်သာကောင်းမွန်လာဖို့ အချိန်ယူဖို့ လိုအပ်တယ်လို့ ဘိုင်ဒန်ကပြောပါတယ်။ သူမအတွက် အစီရင်ခံစာမှာတော့ ဂရီနာအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကောင်းမွန်နေကြောင်း ဖော်ပြထားပါတယ်။

ဂရီနာဟာ လိင်တူချင်းလက်ထပ်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ အမေရိကန်သမ္မတ မိန့်ခွန်းပြောနေချိန်မှာတော့ ဂရီနာရဲ့ဇနီးဖြစ်သူ Cherelle Griner ၊ ဒုတိယသမ္မတ ကာမလာဟားရစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် တို့လည်း တူတူရှိနေကြပါတယ်။

ပုံစာ - ရုရှားနိုင်ငံ ၊ IK-2 အကျဉ်းထောင်မှ ဂရီနာ အားပြန်လည်ခေါ်ယူလာစဉ်။ ဓာတ်ပုံ - AFP / Getty Images

ဗီဒီယိုများ