- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
မြန်မာအိမ်အကူအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သူ၏ မိခင်ကိုပါ ထောင်ဒဏ် ၁၄ နှစ်ချမှတ်
စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးငယ်အား သေဆုံးသည်အထိ နှိပ်စက်မှုတွင် သမီးဖြစ်သူနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့သူအား ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်သည်။
09 Jan 2023
ဓာတ်ပုံ - CNA
စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးငယ်အား သေဆုံးသည်အထိ နှိပ်စက်မှုတွင် သမီးဖြစ်သူနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့သူအား ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာအိမ်အကူ Piang Ngaih Don အား သေဆုံးသည်အထိ နှိပ်စက်မှုတွင် ပါဝင်ခဲ့သူ အသက် ၆၄ နှစ်အရွယ် Prema S Naraynasamy ကို ဇန်နဝါရီလ ၉ ရက်နေ့၌ စင်္ကာပူတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
Prema S Naraynasamy သည် အိမ်အကူအား နှိပ်စက်မှုတွင် စွပ်စွဲချက် ၄၈ ခုအတွက် နိုဝင်ဘာလတွင် ဝန်ခံခဲ့သည်။
သူမသည် မြန်မာအိမ်အကူအား ကန်ကျောက်ခြင်း၊ ခြေဖြင့် ဆောင့်နင်းခြင်း၊ အစာငတ်ထားခြင်းများ အပါအဝင် ပုံစံအမျိုးမျိုးဖြင့် နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ သမီးသည်လည်း အဆိုပါအိမ်အကူကို နှိပ်စက်မှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရသည်။
မြန်မာအိမ်အကူသည် ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက သေဆုံးခဲ့သည်။ ပုံစံမျိုးစုံဖြင့် နှိပ်စက်မှုများကို ၁၄ လခန့် ရင်ဆိုင်ခဲ့ရပြီးနောက် သေဆုံးချိန်၌ သူမသည် အလေးချိန် ၅၃ ပေါင်သာရှိခဲ့သည်။
မိခင်ဖြစ်သူ ကျူးလွန်ခဲ့သော လုပ်ရပ်များတွင် အိမ်အကူအား ရေဖြင့်ပက်ခြင်း၊ ထိုးကြိတ် ကန်ကျောက်ခြင်း၊ ပါးရိုက်ခြင်း၊ လည်ကုပ်မှဆွဲယူခြင်း၊ ဆံပင်မှဆွဲကာ တွဲလောင်းချပြီး သူမ၏ခေါင်းကို လှည့်ပတ်စေခြင်းများလည်း ပါဝင်သည်။
သူမသည် သီးခြားအခန်းတွင် နေထိုင်သူဖြစ်သော်လည်း တစ်ပတ်လျှင် သုံးရက်ခန့်စီ သမီးထံ အလည်လာလေ့ရှိပြီး ထိုသို့ လာရောက်ချိန်၌ သမီးသည် အိမ်အကူအား နှိပ်စက်လေ့ရှိသည်ကို မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် သူမကိုယ်တိုင် ပါဝင်နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။