- စစ်ကောင်စီလက်ချက်ကြောင့် ကျောက်ဖြူ ဒေသခံ ၃၀ ကျော်ထိ သေဆုံးဒဏ်ရာရမှု ရှိလာ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ ကျေးရွာ ၃ ရွာက ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ
- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
မြန်မာစစ်တပ်အရာရှိ သုံးဦးအား ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်
မြန်မာနိုင်ငံ၌ စစ်တပ်၏ အာဏာရယူမှုနှင့် ပတ်သက်ပြီး စစ်ဗိုလ်ချုပ်ကြီးသုံးဦးအား ဗြိတိန်က အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Feb 2021

မြန်မာနိုင်ငံ၌ စစ်တပ်၏ အာဏာရယူမှုနှင့် ပတ်သက်ပြီး စစ်ဗိုလ်ချုပ်ကြီးသုံးဦးအား ဗြိတိန်က အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထဲရေး ဒု-ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်တို့၏ ယူကေတွင်ရှိနေသည့် ပိုင်ဆိုင်မှုပစ္စည်းများအား ထိန်းချုပ်လိုက်သလို နိုင်ငံတွင်းဝင်ရောက်ခွင့်လည်း ပိတ်ပင်လိုက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်လိုက်သည်။
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဒိုမစ်နစ်ရက်က မြန်မာစစ်တပ်၏ အာဏာရယူမှုအပေါ် ရှုတ်ချလိုက်သလို မြန်မာလူထုအတွက် တရားမျှတမှု ရရှိစေရေးအတွက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ယူရေး နိုင်ငံတကာ မဟာမိတ်များနှင့် အတူ ရပ်တည်ကြောင်း ပြောကြားသည်။
ဗြိတိန်သည် စစ်တပ်အာဏာရယူမှု မပေါ်ပေါက်မီတည်းက မြန်မာစစ်ခေါင်းဆောင် ၁၆ ဦးအား လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သည်။