- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
မြန်မာနိုင်ငံရဲ့ နျူကလီးယားစွမ်းရည်က အရှေ့တောင်အာရှနဲ့ တောင်အာရှအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်သလား
မြန်မာနိုင်ငံဟာ စစ်တပ်အုပ်ချုပ်နေတဲ့ နိုင်ငံတစ်ခုဖြစ်သလို နိုင်ငံရဲ့မတည်ငြိမ်မှုကလည်း ဒေသတွင်းငြိမ်းချမ်းရေးကို မတည်မငြိမ် ဖြစ်စေလျက်ရှိပါတယ်။ မြန်မာ့စစ်အာဏာရှင်တွေဟာလည်း နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ရုရှားနိုင်ငံနဲ့လက်တွဲခဲ့တာ အချိန် အတော်ကြာမြင့်ခဲ့ပါပြီ။
01 Dec 2022
ကောင်းကင်ဂြိုလ်တု ဓာတ်ပုံဖြင့် ရိုက်ကူးထားသော နေပြည်တော်အနီးရှိ နျူးကလီးယားစက်ရုံ။ ဓာတ်ပုံ - တယ်လီဂရမ်
DMG | နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံဟာ စစ်တပ်အုပ်ချုပ်နေတဲ့ နိုင်ငံတစ်ခုဖြစ်သလို နိုင်ငံရဲ့မတည်ငြိမ်မှုကလည်း ဒေသတွင်းငြိမ်းချမ်းရေးကို မတည်မငြိမ် ဖြစ်စေလျက်ရှိပါတယ်။ မြန်မာ့စစ်အာဏာရှင်တွေဟာလည်း နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ရုရှားနိုင်ငံနဲ့လက်တွဲခဲ့တာ အချိန် အတော်ကြာမြင့်ခဲ့ပါပြီ။
နျူကလီးယားဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အနီးမှာရှိပြီး တောင်တန်းကြီးတွေ ကာရံထားတဲ့အတွက် ဆက်သွယ်ရခက်ခဲတဲ့ နေရာတစ်ခုပါ။ ကြည်းတပ် ကွန်မန်ဒိုတွေနဲ့ နျူကလီးယားဆိုင်ရာ တပ်မှူးတွေ ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့်နေလေ့ရှိပါတယ်။ နာဆာကရိုက်ယူထားတဲ့ ဂြိုလ်တုဓာတ်ပုံတွေမှာလည်း အဲဒီနေရာမှာ နျူကလီးယားစက်ရုံအတွက် အခြေခံစက်ရုံတွေ တည်ဆောက်နေ တယ်လို့ ပြသထားပါတယ်။ ဒါက လွန်ခဲ့တဲ့ဆယ်စုနှစ်က အခြေအနေပါ။
လူ့အခွင့်အရေးချိုးဖောက်လေ့ရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နျူကလီးယားရည်မှန်းချက်နဲ့ ပတ်သက်ပြီး ဘယ်သူမှ နှုတ်ပိတ်နေလို့မရတော့ပါဘူး။ ဥပမာအနေနဲ့ပြောရရင် မြန်မာနိုင်ငံရဲ့ အိမ်းနီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးက ကျေနပ်စရာ မရှိပါဘူး။ မြန်မာစစ်တပ်ဟာ မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းရဲ့ အဓိကလက်သည်တရားခံပါပဲ။ နယ်စပ်က လူမှောင်ခိုလုပ်ငန်း ဈေးကွက်ကလည်း ကြီးမားတဲ့ဈေးကွက်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုမရှိခဲ့တာ ကြာမြင့်ခဲ့ပါပြီ။
မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးရမှုတွေလည်း ရှိနေပါတယ်။ နောက်ဆုံးဥပမာကို ပြောရရင် သိပ်မကြာသေးခင်ကပဲ ကချင်ပြည်နယ်မှာ စစ်လေယာဉ်နှစ်စင်းနဲ့ဗုံး ၄ လုံးကြဲခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သား ၇၀ ကျော် သေဆုံးခဲ့ပါတယ်။ ဆက်ပြီးလည်း မြန်မာစစ်တပ်က မောက်မာနေတဲ့အပြင် နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို ချိုးဖောက်နေခြင်းအပါအဝင် ဒေသတွင်း နယ်မြေအငြင်းပွားမှုတွေအပေါ် အိမ်နီး ချင်းနိုင်ငံတွေက မကျေမနပ်ဖြစ်နေကြပါတယ်။ ထိုင်းနဲ့ဂျပန်ကလည်း စီမံကိန်းတွေအားလုံး ဖျက်သိမ်းခဲ့ပါတယ်။ ဘယ်အချိန်ရောက်မှ စစ်အာဏာရှင်စနစ် လုံးဝ(လုံးဝ) အဆုံးသတ်ပြီး ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာမယ်ဆိုတာ ဘယ်သူမှမသိပါဘူး။
ဒေသတွင်း အနီးအနားနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ကလည်း နျူကလီးယားအင်အားကြီး နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာကော ဒီအဖွဲ့ထဲပါဝင်နေပါသလား။ မြန်မာက သူ့ရဲ့နျူကလီးယားလက်နက်တွေကို ဘယ်သူတွေအပေါ် သုံးမှာတဲ့လဲ။ အဖြေက ရိုးရိုးရှင်းရှင်းလေးပဲ မဟုတ်ပါလား။ တစ်ကမ္ဘာလုံး ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်စွမ်းရည်ကိုလည်း မရပ်တန့်နိုင်ခဲ့ပါဘူး။ အီရန်နိုင်ငံဆိုရင်လည်း နျူလက်နက်တွေကို အချိန်မရွေးတီထွင်နိုင်နေပါပြီ။ နျူလက်နက်တွေမတီထွင်ဖို့ ဘယ်သူက တူရကီကို တားမြစ်နိုင်ပါပြီလဲ။ အီရတ်မှာ ဆက်ဒမ်ဟူစိန်က နျူကလီးယားစက်ရုံတည်ဆောက်ပြီးမှသာ အစ္စရေးက ဗုံးကျဲနိုင်ခဲ့ပါတယ်။ အစ္စရေးမတိုက်ခင် ပြင်သစ်အင်ဂျင်နီယာတွေကိုတော့ ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်နိုင်ခဲ့ပါတယ်။ သူတို့ကို အစ္စရေးတွေကိုယ်တိုင်ပဲ ထွက်ခွာဖို့အတွက် စာပို့ခဲ့ပါတယ်။ တကယ်တော့ ဆက်ဒမ်က သူရဲ့စီမံ ကိန်းနဲ့ ငွေကြေးတွေကို ကြောင်သူတော်တွေဆီ လက်လွှဲပေးခဲ့ရတာပါ။
တကယ်လို့ မြန်မာနိုင်ငံသာ နျူကလီးယားစွမ်းရည် ရသွားခဲ့မယ်ဆိုရင် အရှေ့တောင်အာရှနဲ့ တောင်အာရှအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒေသတွင်းနိုင်ငံတွေအားလုံးရဲ့ လုံခြုံရေးကို မြန်မာနိုင်ငံက တိုက်ရိုက်ခြိမ်းခြောက်လာပါ လိမ့်မယ်။ နျူကလီးယားစွမ်းရည် သုံးနိုင်သွားတဲ့မြန်မာနိုင်ငံက ဒေသတွင်းနိုင်ငံတွေကို ခြိမ်းခြောက်နိုင်ရုံသာမက အရှေ့တောင်အာရှနဲ့ တောင်အာရှကိုပါ ထာဝရ အားပျော့သွားစေပါလိမ့်မယ်။ သေချာတာကတော့ မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို တိုက်ခိုက်ဖို့ နျူးလက်နက်တွေကို အသုံးပြုပါလိမ့်မယ်။
မြန်မာစစ်တပ်ရဲ့ ရန်စကျူးကျော်တဲ့ သဘောထားကို နားလည်ဖို့အတွက် အကောင်းဆုံးဥပမာက လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တင်းမာမှုပါပဲ။ မြန်မာနိုင်ငံက နျူလက်နက်တွေက မြောက်ကိုရီးယားနိုင်ငံထက် ပိုပြီး အန္တရာယ်ရှိပါတယ်။
ကံမကောင်းအကြောင်းမလှစွာဘဲ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆက်ဆံရေးကလည်း ပြေလည်ကောင်းမွန်တဲ့ ဆက်ဆံရေးတော့မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှာ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း မှာရှိတဲ့ လူနည်းစုမွတ်ဆလင်ရွာတွေကို ဝင်ရောက်စီးနင်းပြီး သတ်ဖြတ်ခြင်း၊ အမျိုးသမီးတွေကို မုဒိန်းကျင့်ခြင်းနဲ့ လူနေအိမ်တွေ မီးရှို့ခဲ့ခြင်းကြောင့် မွတ်ဆလင်ဒုက္ခသည်ပေါင်း ၇၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မွတ်ဆလင်ဒုက္ခသည်ပေါင်း ၁ ဒဿမ ၂၅ သန်းနီးပါးရှိပါတယ်။
မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ မြန်မာစစ်တပ်နဲ့ ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်းတို့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးခဲ့ကြတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၅ ရက်ကနေ ၈ ရက်အထိ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပခဲ့တဲ့ အရှေ့ပိုင်းစီးပွားရေးဖိုရမ်ကို သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးမျိုးတင်ကြည် တက်ရောက်ခဲ့ပြီး စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်နဲ့ ရုရှားနိုင်ငံ အဏှမြူ စွမ်းအင်ကော်ပိုရေးရှင်းရဲ့ စီအီးအို Alexei Likhachev တို့က အရပ်ဘက် ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဓာတ်အားထုတ်လုပ်ခြင်း၊ သိပ္ပံနည်းကျ သုတေသနပြုလုပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းနဲ့ စက်မှုလုပ်ငန်းတွေအတွက် နျူကလီးယားစွမ်းအင် လိုအပ်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ခဲ့ပါတယ်။
အခုလက်ရှိမေးခွန်းကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကမ္ဘာကြီးက ဘာကြောင့်တိတ်ဆိတ်နေရသလဲ ဆိုတာပါ။
မြန်မာစစ်တပ်မှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးစိုင်းသိန်းဝင်းက DVB သတင်းဌာနကို ပေးအပ်ခဲ့တဲ့ မှတ်တမ်းတွေကလည်း နျူးကလီးယားစီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မီးမောင်း ထိုးပြနေပါတယ်။ ဦးစိုင်းသိန်းဝင်းဟာ မြန်မာနိုင်ငံရဲ့ လျှို့ဝှက်နျူကလီးယားလက်နက်ကြိုးပမ်းမှုနဲ့ ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှာပါဝင်ခဲ့ပြီး အထူးစက်ရုံမှာ လက်ထောက်မန်နေဂျာဖြစ်ခဲ့ပါ တယ်။
မြန်မာနိုင်ငံမှာ နျူးကလီးယားသုတေသန အဆောက်အဦတည်ဆောက်ဖို့ ရုရှားနိုင်ငံက ကူညီနေခဲ့တာ အနည်းဆုံး ကိုးနှစ်တော့ရှိခဲ့ပါပြီ။ စစ်ကောင်စီရဲ့ မကြာသေးခင်က ဆောင်ရွက်ချက်တွေအရ ဆိုရင်တော့ အသေးစား နျူကလီးယားဓာတ်အားပေး စက်ရုံတွေကို လာမယ့်နှစ်မှာ စတင်ထုတ်လုပ်တော့မယ်လို့ အတည်ပြုလို့ရပါပြီ။ အဲဒီစင်တာမှာ သန့်စင်ထားတဲ့ ယူရေနီယမ်-၂၃၅ ရဲ့ ၂၀ ရာခိုင်နှုန်း၊ ဓာတ်ခွဲခန်း၊ ဆေးဘက်ဆိုင်ရာ အိုင်ဆိုတုပ်ထုတ်လုပ်ရေး ဓာတ်ခွဲခန်း၊ ဆီလီကွန်ဓာတုဗေဒ ဆေးဝါးစနစ်၊ နျူကလီးယားစွန့်ပစ်ပစ္စည်း သန့်စင်ရေးနဲ့ ၁၀ MW အလင်းရေ ဓာတ်ပေါင်းဖိုတွေကို ထားရှိပါမယ်။
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေအတွက်ပဲ သုံးမယ်လို့ လက်ရှိစစ်အုပ်စုက ပြောဆိုထားပေမယ့် နျူလက်နက်ထုတ်လုပ်ခြင်း အပါအဝင် စစ်ဘက်ဆိုင်ရာ ရည်မှန်းချက်တွေ အသုံးပြုမယ်လို့ပဲ လူအများစုက ယုံကြည်နေကြပါတယ်။
၂၀၀၉ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ နျူလက်နက်အစီအစဉ်ကို စတင်လုပ်ဆောင်နေတယ်လို့ သံသယ ရှိခံထားရပါတယ်။ ၂၀၁၁ ခုနှစ် မှာတော့ NPT ( နျူးကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်) ချိုး ဖောက်တဲ့အတွက် အမေရိကန်ရဲ့ စိုးရိမ်မှုမြှင့်တက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်က ဓာတု လက်နက်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၀၉ ခုနှစ် ဩဂုတ်လမှာလည်း Sydney Morning Herald ရဲ့အစီရင်ခံစာမှာ မြောက်ကိုရီးယားရဲ့ အကူ အညီပေးမှုနဲ့ ၂၀၁၄ ခုနှစ်တိုင်အောင် မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မန္တလေးတိုင်း နောင်လိုင်ကျေးရွာမှာ ပလူတိုနီယမ် ထုတ်လုပ်ရေးစက်ရုံ၊ အဏုမြူဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာလည်း အလားတူ နျူကလီးယားစက်ရုံတွေက တောတောင်ထူထပ်တဲ့နေရာ တွေမှာရှိနေတဲ့အတွက် ဗုံးကျဲဖျက်ဆီးဖို့ မလွယ်ကူပါဘူး။
မြန်မာအစိုးရဆန့်ကျင်ရေးမီဒီယာ DVB ရဲ့ နှစ်ရှည်လများ စုံစမ်းစစ်ဆေးမှုတွေအရ ၂၀၁၀ ဇွန်လ ၃ ရက်မှာတော့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုအထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။ ဗိုလ်မှူးဟောင်း ဦးစိုင်းသိန်းဝင်း ကလည်း ဝန်ခံခဲ့ပါတယ်။ ကုလသမဂ္ဂ အစီရင်ခံစာအရ မြောက်ကိုရီးယားနိုင်ငံက မြန်မာ၊ အီရန် နဲ့ ဆီးရီးယားနိုင်ငံတွေကို နျူနည်းပညာတွေ တင်ပို့နေတဲ့ အထောက်အထားတွေ ဖော်ပြနေပါတယ်။
မြန်မာနိုင်ငံက နိုင်ငံတကာပွဲစားနဲ့ ရောင်းဝယ်သူတစ်ယောက်ရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိနေတယ်လို့ လေ့လာသူ အများအပြားက ယုံကြည်နေကြပါတယ်။ ချုပ်ကိုင်ထားသူက အသုံးမဝင်တဲ့ပစ္စည်းတွေ တင်ပို့ရောင်းချရာမှာ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ပါတယ်။ ယူရေနီယမ်ထုတ်လုပ်ဖို့ စက်ပစ္စည်းတွေ အသုံးပြုထားတာမျိုး ရှိ မရှိ စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိပါဘူး။ သန့်စင်တဲ့တိုက်တေနီယမ် ဒါမှမဟုတ် ဗန်နေဒီယမ်လို ရှားပါးသတ္တုတွေ ထုတ်လုပ်နိုင်ခြင်းရှိ မရှိကိုလည်း အတည်မပြုနိုင်သေးပါဘူး။ မြန်မာနိုင်ငံက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှာ နျူကလီးယားလက်နက် တားမြစ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် အတည်မပြုနိုင်သေးပါဘူး။
ဗိုလ်မှူးစိုင်းသိန်းဝင်းက နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ကို ယူရေနီယံစမ်းသပ်မှုအကြောင်း ဖော်ပြတဲ့ဖိုင်တွေနဲ့ ဓာတ်ပုံတွေကိုပါ ပေးအပ်ခဲ့ပါတယ်။ "Burma's Nuclear Ambition" လို့နာမည်ပေးထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ ဗိုလ်မှူးဟောင်းက စက်ရုံဓာတ်ပုံတွေနဲ့ နျူကလီးယားအစိတ်အပိုင်း ထုတ်လုပ်နေတဲ့ ရှေ့ပြေးပုံစံတွေကို ပြသထားတဲ့ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေကိုပြသခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မြန်မာ့နျူကလီးယား တပ်ရင်းဆီ သွားရောက်ခဲ့ပါတယ်။ နျူကလီးယားလောင်စာ ဒါမှမဟုတ် နျူကလီးယားလက်နက်တွေမှာ အသုံးပြုဖို့အတွက် ယူရေနီယမ်ဒြပ်ပေါင်းတွေကို ပြောင်းလဲဖို့အသုံးပြုတဲ့ စက်ပစ္စည်းပုံတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ နျူးကလီးယားဗုံး တီထွင်ခဲ့မယ်ဆိုရင် ဒါကိုတားမြစ်မယ့် အချက်ကဘာလဲ။ မြောက်ကိုရီးယား ဒါမှမဟုတ် အီရန်ကို ပိတ်ဆို့အရေးယူမှုတွေနဲ့ တားဆီးဖို့ဖြစ်နိုင်သလား။
၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဘန်ကောက်သဘောတူညီချက်လို့ လူသိများတဲ့ အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ရေးဇုန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်နဲ့ အာဆီယံက နျူကလီးယား မပြန့်ပွားရေးသဘောတူစာချုပ် (NPT) ကိုထပ်ပြီး အတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြန်ပြီးငြိမ်းချမ်းလာဖို့အတွက် အချိန်ကန့်သတ်ဖို့ သတ်မှတ်ချက် အာဆီယံရဲ့ကြိုးပမ်းမှုတွေကို မြန်မာစစ်တပ်က သတိပေးတားမြစ်ထားပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာမှာကျင်းပတဲ့ အစည်းအဝေးမှာ အခုလို မြန်မာစစ်တပ်က သတိပေးခဲ့တာပါ။ အာဆီယံအစည်းအဝေးတွေမှာ စစ်အုပ်စုရဲ့နိုင်ငံရေး မဟုတ်တဲ့လူကို ဖိတ်ခေါ်တဲ့ဖိတ်ကြားချက်ကို စစ်အုပ်စုက ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမပါဝင်ဘဲ အစည်းအဝေးတွေ ပြီးဆုံးခဲ့ရပြီး သူတို့အပေါ် ခွဲခြားဆက်ဆံတယ်လို့ စစ်အုပ်စုကစွပ်စွဲခဲ့ပါသေးတယ်။ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ကိုလည်း မနှစ်ကပယ်ချခဲ့ပြီး အာဆီယံဟာ အမေရိကန်ရဲ့အိမ်မွေးခွေးပဲလို့ စစ်အုပ်စုက ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ပျက်စီးလွယ်တဲ့ အခြေအနေတွေကိုထိန်းသိမ်းဖို့ အာဆီယံကလည်း ပျက်ကွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နျူကလီးယားလက်နက်ဆိုင်ရာ ရည်မှန်းချက်တွေ စွန့်လွှတ်ဖို့ မြန်မာစစ်တပ်ကို ဖိအားပေးဖို့လိုပါ တယ်။ ဒီလိုဖိအားပေးရာမှာတော့ ဒေသတွင်းနိုင်ငံတွေ အားလုံးနဲ့ အာဆီယံတို့ ပူးပေါင်းသင့်ပါတယ်။
ဘုန်းမောင်
"Modern Diplomacy" တွင်ဖော်ပြထားသော ဆောင်းပါးရှင် "Samina Akhter" ၏ "Can Myanmar's Nuclear capability bring disaster for South and Southeast Asia?" ကိုဆီလျော်အောင်ရေးသားသည်။