- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
နျူကလီးယားလက်နက် အရေအတွက် “ဆထက်တိုး” ထုတ်လုပ်မည့် မူဝါဒ အကောင်အထည်ဖော်နေဟု ကင်ဂျုံအန်းပြော
တနင်္လာနေ့က ကျင်းပသော နိုင်ငံတည်ထောင်သည့် နှစ်ပတ်လည်နေ့တွင် ကင်ဂျုံအန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း KCNA သတင်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့က ဖော်ပြခဲ့ခြင်း ဖြစ်သည်။
11 Sep 2024
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယားလက်နက် အရေအတွက်ကို “ဆထက်တိုး” တိုးမြှင့်ရန်အတွက် နျူကလီးယားအင်အား တည်ဆောက်ရေး မူဝါဒတစ်ရပ်ကို အကောင်အထည်ဖော်နေကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနမှတဆင့် ပြောကြားလိုက်သည်။
တနင်္လာနေ့က ကျင်းပသော နိုင်ငံတည်ထောင်သည့် နှစ်ပတ်လည်နေ့တွင် ကင်ဂျုံအန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း KCNA သတင်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့က ဖော်ပြခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာ အခွင့်အရေးများကို အာမခံနိုင်ရေးအတွက် နျူးကလီးယားစွမ်းရည်အား အချိန်မရွေး တိကျမှန်ကန်စွာ အသုံးပြုနိုင်စေရန် ပိုမိုတိကျသေချာစွာ ပြင်ဆင်ထားကြရမည် ဟုလည်း ကင်ဂျုံအန်းက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“အမေရိကန်နဲ့ သူ့နောက်လိုက်တွေရဲ့ ခြိမ်းခြောက်မှုအမျိုးမျိုးကို ရင်ဆိုင်နိုင်ဖို့အတွက်” ခိုင်မာသည့် စစ်ရေးအင်အားရှိရန် လိုအပ်ကြောင်းလည်း ကင်ဂျုံအန်းက ပြောကြားသည်။ ဒေသတွင်း၌ အမေရိကန်ဦးဆောင်ထားသော နျူကလီးယားစစ်ဘက်ဆိုင်ရာ အစုအဖွဲ့ရှိနေခြင်းက မြောက်ကိုရီးယားအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ရပ်ဟုလည်း ကင်ဂျုံအန်က မှတ်ချက်ပေးခဲ့သည်။
တောင်ကိုရီးယား၏ မူဝါဒရေးရာ လက်ထောက်ကာကွယ်ရေးဝန်ကြီး ချိုချန်ရေး အပါအဝင် ၎င်း၏အမေရိကန်နှင့် ဂျပန်မိတ်ဖက်များက မြောက်ကိုရီးယားဘက်က နျူကလီးယားဒုံးကျည် ပစ်လွှတ်သည့် စနစ်များကို အမျိုးမျိုး ပြောင်းလဲစမ်းသပ်ခြင်း၊ ပဲ့ထိန်းဒုံးကျည်အများအပြား စမ်းသပ်ခြင်းနှင့် ပစ်လွှတ်ခြင်းတို့ကို အင်္ဂါနေ့တွင် ပြစ်တင်ရှုတ်ချခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပခဲ့သော တွေ့ဆုံဆွေးနွေးပွဲ၌ မြောက်ကိုရီးယားဘက်က လုပ်ဆောင်နေသော နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို ဟန့်တားရေး အပါအဝင် ဒေသတွင်း ငြိမ်းချမ်းစေရန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာမှုကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော ပူးတွဲကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ဒုတိယအကြိမ်မြောက် သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို မကြာမီကာလအတွင်း စတင်နိုင်ရန်လည်း သဘောတူညီထားကြသည်။