- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
မုန်းမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ပင်သာရွာလုံးကျွတ် တိမ်းရှောင်နေရ
စစ်ကောင်စီတပ်ရင်း ခမရ (၃၅၁) နှင့် ခမရ (၅၉၉) ပူးပေါင်းအဖွဲ့သည် အင်အား ၁၅၀ ဝန်းကျင်ဖြင့် ရွာအတွင်းသို့ဝင်ရောက်ကာ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ညောင်ပင်သာရွာသားတစ်ဦးက ပြောသည်။
03 Mar 2023

DMG ၊ မတ် ၃
ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအတွင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၁ ရက်၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။
စစ်ကောင်စီတပ်ရင်း ခမရ (၃၅၁) နှင့် ခမရ (၅၉၉) ပူးပေါင်းအဖွဲ့သည် အင်အား ၁၅၀ ဝန်းကျင်ဖြင့် ရွာအတွင်းသို့ဝင်ရောက်ကာ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ညောင်ပင်သာရွာသားတစ်ဦးက ပြောသည်။
“ကျောက်ကြီးက စစ်တပ်တွေ ရွာထဲဆင်းလာတာ အင်အားတစ်ရာကျော်တယ်။ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ရင်းဝင်လာလို့ အကုန်ရှောင်နေရတယ်” ဟု သူကပြောသည်။
လက်နက်ကြီးထိမှန်မှုကြောင့် ညောင်ပင်သာရွာမှ နေအိမ် ၃ လုံးထက်မနည်းပျက်စီးကာ အိမ်ထောင်စု ၁၆၁ စု၊ လူဦးရေ ၄,၂၉၄ ဦးမှာ နီးစပ်ရာ တောတောင်အတွင်းသို့ ထွက်ပြေးခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။
“တရွာလုံးနီးပါးပြေးနေရတာ ဆိုတော့ လူဦးရေ ၄,၂၀၀ ကျော်တယ်။ အကုန်လုံးတောထဲမှာပဲ ပုန်းနေရတယ်။ နေဖို့ တဲတွေ အဆင်ပြေသလို ဆောက်နေရတော့ အမိုးအကာတွေ လိုအပ်နေပါတယ်” ဟု မုန်းဒေသခံ စစ်ရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် မုန်းမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်သားအင်အား ၂၀၀ ဝန်းကျင် ဖြည့်တင်းထားကြောင်း သိရပြီး စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၃)အပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်စစ်ရေး တင်းမာနေမှုကြောင့် ညောင်ပင်သာရွာသားများမှာ ယနေ့အချိန်ထိ တောတောင်ထဲတွင် တိမ်းရှောင်နေရဆဲဖြစ်သည်။
#F004