- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
မော်လမြိုင်တွင် ပရဟိတဆရာဝန်တစ်ဦးအပါအဝင် မြို့နယ်အလိုက်ဒေသခံများကို မြန်မာစစ်တပ်လက်အောက်ခံများမှ ဖမ်းဆီးထား
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပရဟိအဖြစ်ဆေးကုသပေးနေသော ဆရာဝန်တစ်ဦးကို စစ်ကောင်စီတပ်များမှ ဒီဇင်ဘာဇင် ၅ ရက်နေ့တွင် သူအလုပ်လုပ်ကိုင်နေသောဆေးရုံသို့ လာရောက်ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံရေးပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မွန်ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
18 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပရဟိအဖြစ်ဆေးကုသပေးနေသော ဆရာဝန်တစ်ဦးကို စစ်ကောင်စီတပ်များမှ ဒီဇင်ဘာဇင် ၅ ရက်နေ့တွင် သူအလုပ်လုပ်ကိုင်နေသောဆေးရုံသို့ လာရောက်ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံရေးပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မွန်ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖမ်းဆီးခံရသည့်ဆရာဝန်မှာ ဒေါက်တာချမ်းမြေ့အောင်ဆိုသူဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ငွေတိုက်စာချုပ်များကိုဝယ်ယူခဲ့သည်ဟုဆိုပြီး စစ်တပ်နှင့် ရဲအင်အားအများအပြားဖြင့် ငွေမိုးဆေးရုံမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာချမ်းမြေ့အောင်နှင့်နီးစပ်သူတစ်ဦးမှ DMG ကိုပြောသည်။
"ဒေါက်တာကိုလာဖမ်းတာ ပထမက NUG ရဲ့ငွေတိုက်စာချုပ်ဝယ်တယ်ဆိုပြီးတော့ လာဖမ်းသွားတာ။ စစ်သားကော ရဲကောအင်အားနဲနဲပါတယ်။ လူ ၁၅ ယောက်ရှိမယ်။ အရပ်ဝတ်တွေနဲ့။ လာမဖမ်းခင်မှာ ဆေးရုံကို အရပ်ဝတ်တွေနဲ့လာပြီးစုံစမ်းတာတွေရှိခဲ့ပါတယ်"ဟု အဆိုပါဒေါက်တာနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဒေါက်တာချမ်းမြေ့အောင်ထံမှ NUG ငွေတိုက်စာချုပ်ဝယ်ယူကြောင်း အထောက်အထားများ မတွေ့ရှိခဲ့သော်လည်း စစ်တပ်နှင့်ပက်သက်ပြီး ဝေဖန်ရေးပြုလုပ်သည့်ပို့စ်များ လူမှုစာမျက်နှာတွင် ထပ်ဆင့်ဝေမျှသည့်အကြောင်းပြချက်ဖြင့် နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့် မနေ့ (ဒီဇင်ဘာ ၁၇ ရက်)က အမှုဖွင့်လှစ်ကာ ကျိုက်မရောအကျဉ်းထောင်သို့ပို့ဆောင်လိုက်ကြောင်း ဒေါက်တာနှင့်နီးစပ်သည့် မိသားစုများကဆိုသည်။
ဒေါက်တာချမ်းမြေ့အောင်သည် ယခင်က မြန်မာစစ်တပ်မှ အထူးကုစစ်ဆရာဝန်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ်နှစ်ခန့်က အလုပ်ရပ်နားခဲ့ကာ အပြင်ဆေးရုံနှင့် ပရဟိတအသင်းတချို့တွင် စေတနာ့ဝန်ထမ်းဆရာဝန်တစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သည်။ မော်လမြိုင်မြို့အတွင်း စေတနာ့ကျန်းမာရေးဝန်ထမ်းဆရာဝန်တစ်ဦးဖမ်းဆီးခံရမှုမှာ ပထမဦးဆုံးလဲဖြစ်သည်။
ထို့အပြင် ဘီးလင်း၊ ပေါင်နှင့် သထုံတို့တွင် မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့များမှ ဒေသခံလူငယ်များကိုဖမ်းဆီးမှုများရှိနေပြီး ငွေကြေးများပေးအပ်မှသာ ပြန်လည်လွတ်ပေးခြင်းများရှိနေကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာအတွင်းမှ ယခုလပထမပတ်အထိ မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့များမှ လူမှုစာမျက်နှာများတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လိုဂိုတင်ထားသူအပါအဝင် PDF တို့ကိုထောက်ပံံ့ပေးနေသည်ဟု သံသယရှိသူလူငယ်များကို အတင်းအကျပ်ဖမ်းဆီးစစ်ဆေးခဲ့ပြီး ငွေကြေးအမြောက်အများပေးအပ်မှုပြုလုပ်မှ ပြန်လည်လွတ်ပေးခဲ့တာရှိကြောင်း မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ မိသားစုဝင်တစ်ဦးကဆိုသည်။
"အဓိက ဖုန်းတွေစစ်တာ။ အဲ့မှာ NUG ထောက်ခံတာတို့ PDF တွေကို ထောက်ပံ့တဲ့အကြောင်းတွေ တွေ့တာနဲ့ တန်းဖမ်းသွားတာပဲ။ NUG ကိုထောက်ခံတဲ့ လိုဂိုတင်တာတွေ့တာနဲ့ကိုတန်းဖမ်း။ အနီးအနားကတပ်စခန်းထဲ ခေါ်စစ်တော့တာပါပဲ။ အဲဒီကနေ မိသားစုတွေက အတင်းလိုက်ရတာပေါ့။ နောက်တော့ငွေကြေးတွေနဲ့ညှိလို့ ပြန်လွတ်ပေးကြတာတွေရှိခဲ့ပါတယ်"ဟု အဆိုပါမိသားစုဝင်က ဆိုသည်။
မွန်ပြည်နယ်တွင် NUG နှင့် PDF ထောက်ခံသူ ၁၀၀၀ ဦးရေကျော်မှာ မြန်မာစစ်တပ်၏ လက်အောက်ခံအဖွဲ့များမှ ဖမ်းဆီးခြင်းခံထားရကာ လွတ်မြောက်ခဲ့သူတချို့မှာ ငွေကြေးတစ်သိန်းမှ ၂၀ သိန်းအထိ ပေးအပ်ခဲ့ရခြင်းများရှိခဲ့ပြီး တချို့မှာ ဖမ်းဆီးခံထားရဆဲဖြစ်သည်။