- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တစ်ပတ်ခန့်ကြာ ပိတ်ထားသည့် ရခိုင်ရေကြောင်းခရီစဉ်များ မနက်ဖြန်ကစပြီး ပြေးဆွဲခွင့်ရမည်
စစ်တွေမြို့မှ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များကို လာမည့် ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ ယခင်ပုံမှန်အတိုင်း ပြေးဆွဲခွင့်ပြုလိုက်ပြီဟု ရွှေပြည်တန်အမြန်ရေယာဉ်မှ သိရသည်။
01 Jul 2022

DMG ၊ ဇူလိုင် ၁
စစ်တွေမြို့မှ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များကို လာမည့် ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ ယခင်ပုံမှန်အတိုင်း ပြေးဆွဲခွင့်ပြုလိုက်ပြီဟု ရွှေပြည်တန်အမြန်ရေယာဉ်မှ သိရသည်။
စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့က မြန်မာစစ်သားနှစ်ဦးဖမ်းဆီးခံရပြီးနောက် ဇွန်လ ၂၄ ရက်နေ့တွင် အမြန်ရေ ယာဉ်များကို စစ်ကောင်စီက ထွက်ခွာခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေး ခဲ့ရသကဲ့သို့ ခရီးသည်များမှာလည်း အခက်အခဲတွေ့ခဲ့ရသည်။
“ရေကြောင်းဦးစီးဌာနက ဒီနေ့ညနေဘက်မှာပဲ အသိပေးလာတယ်။ ဇူလိုင် ၂ ရက်နေ့က စပြီးတော့ ပြေးဆွဲလို့ရ တယ်လို့အကြောင်း ကြားလာပါတယ်။ အချိန်ကတော့ ပုံမှန်အတိုင်းပြေးဆွဲပေးသွားမယ်ပေါ့နော်။ ရေကြောင်းနဲ့ သွားတဲ့အခါမှာ ဆိပ်ကမ်းမှာလည်း အစိုးရဌာနဆိုင်ရာတချို့ စစ်ဆေးမယ်ပေါ့။ လူဦးရေစာရင်းတို့အဲဒီလိုမျိုးပါ။ အရင်တုန်းကလည်း တခါတလေ ရှိပါတယ်။ အများအားဖြင့်တော့ မစစ်ဆေးပါဘူး။ လေယာဉ်ဆိပ်တွေမှာ စစ်ဆေးသလို မျိုးစစ်ဆေးမှာပါ။ ဘာကြောင့်လည်း ဆိုတာတော့ အတိအကျမသိပါဘူး ” ဟု ရွှေပြည်တန်အမြန် ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက DMG သို့ပြောသည်။
ရေကြောင်းလိုင်းခရီးစဉ်များကိုသွားလာခွင့်ပိတ်ပင်ထားခဲ့သည့်အတွက် ရသေ့တောင်၊ ပေါက်တော၊ ဘူးသီး တောင် စသည့်မြို့နယ်တို့အပါအဝင်တခြားမြို့မှ ဒေသခံများမှာ သွားလာရေးအဆင်မပြေခြင်း၊ စီးပွားရေး အဆင်မပြေခြင်းတချို့ဖြစ်ခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။
“အခုလို ရေကြောင်းလိုင်းတွေကို ပြန်ပြေးဆွဲပေးမယ် ကြားရတော့ ဝမ်းသာ ပါတယ်။ ဒေသခံတွေအတွက် အကုန်လုံးအဆင်ပြေသွားတယ်ပေါ့။ ဒါပေမဲ့ ဆိပ်ကမ်းမှာ အစိုးရဌာန ဆိုင်ရာ တွေက ဘယ်လို ပုံစံမျိုး စစ်ဆေးမလဲ ဆိုတာကိုတော့ ကျနော်တို့စိုးရိမ်မိပါတယ်။ အရင်တုန်းကတော့ တခါမှ ဒီလို မစစ်ဆေးဘူးဆိုတော့ ထူးဆန်းနေသလို ဖြစ်နေပါတယ် ” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် စစ်ရေးတင်းမာနေသောကြောင့် မြန်မာစစ်တပ်သည် လမ်းခရီး များတွင် သွားလာနေကြသည့် ဒေသခံများကို သတိကြီးစွာထားပြီး စစ်ဆေးမှုများရှိနေကာ မသင်္ကာလျှင် ဖမ်းဆီး မှုများရှိနေသည်။ယခုလအတွင်းတွင် မြန်မာစစ်တပ်က အရပ်သား ၄၀ ကျော်ကို ဖမ်းဆီးထားပြီးဖြစ်သည်။
ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော်ကို ရက္ခိုင့်တပ်တော် (AA)က ယခုလအတွင်းဖမ်းဆီးခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်မှလည်း ဒေသခံတချို့အားဖမ်းဆီးခဲ့ပြီး ကုန်းလမ်း၊ ရေလမ်းတို့ကို စစ်ဆေးမှုများရှိနေခဲ့ခြင်းဖြစ်သည်။