- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ကျေးရွာသွားလမ်း အပိတ်ခံထားရသဖြင့် သင်္ဂနက်ကျေးရွာမှ ကမန်တိုင်းရင်းသားများ သွားလာရေး အခက်အခဲဖြစ်နေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကမန်တိုင်းရင်းသားများနေထိုင်သည့် သင်္ဂနက်ကျေးရွာမှ ဒေသခံများစစ်တွေမြို့ပေါ်ကို သွားလာနေသည့် လမ်းပိတ်ထားသဖြင့် အခက်အခဲဖြစ်နေကြသည်ဟု ကျေးရွာရပ်မိရပ်ဖများက DMG သို့ ပြောသည်။
26 Apr 2021
DMG ၊ မတ် ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကမန်တိုင်းရင်းသားများနေထိုင်သည့် သင်္ဂနက်ကျေးရွာမှ ဒေသခံများစစ်တွေမြို့ပေါ်ကို သွားလာနေသည့် လမ်းပိတ်ထားသဖြင့် အခက်အခဲဖြစ်နေကြသည်ဟု ကျေးရွာရပ်မိရပ်ဖများက DMG သို့ ပြောသည်။
သင်္ဂနက်ကျေးရွာမှ စစ်တွေမြို့ပေါ်သို့သွားလာသည့် လမ်းမှာ ယခင်က ၃ လမ်းရှိခဲ့သော်လည်း နောက်ဆုံးသွားလာခဲ့သည့် လက်ဝဲသလုံးတော်ဓာတ်စေတီ မုဒ်ဦးဝင်ဝလမ်းအသုံးပြုခွင့်ကို ၂၀၁၆ ခုနှစ် ဇွန်လမှ ပိတ်သိမ်းလိုက်သည့်အတွက် ကျေးရွာသားများမှာ စစ်တွေမြို့ပေါ်သို့တက်ရောက်ပြီး အလုပ်အကိုင် လုပ်ကိုင်ခြင်း၊ ကျန်းမာရေးနှင့် ပညာရေးအပိုင်းတို့၌ များစွာအခက်ကြုံနေရသည်ဟုပြောဆိုကြသည်။
သင်္ဂနက်ကျေးရွာမှ ရပ်မိရပ်ဖဥက္ကဌဖြစ်သူ ဦးစံသာအောင်က“အဲဒီသလုံးတော်လမ်းကို နှစ်ပေါင်း ၂၀ နီးပါးသွားလာနေတာပါ။ အဲဒါကို ရွာရဲ့တောင်ဖက် အဲဒီလမ်းနားမှာ ရှိတဲ့လယ်တွေကို အမှတ် ၁၂ တပ်ရင်းက သိမ်းတယ်။ ကျန်တဲ့အရာတွေကို (ဒကစ) ကသိမ်းတယ်။ အဲဒီအချိန် မှာလယ်သမားတွေက တားတာပေါ့။ အဲဒီလို့တားရမလားဆိုပြီးတော့ တပ်ထိန်းကလာပြီး အဲဒီလမ်းကိုပိတ် လိုက်တာ အခုဆိုရင် ၄ နှစ်ကျော်ရှိပြီး ဖြစ်တယ်။ ”ဟု ဦးစံသာအောင် ကပြောသည်။
သလုံးတော်လမ်းမှ စစ်တွေမြို့ပေါ်သို့သွားလာလျှင် မိနစ်ပိုင်းသာကြာမြင့်ပြီး လက်ရှိအသုံးပြုနေသည့် လမ်းမှာ သာယာကုန်းကျေးရွာ၊ လှမချေကျေးရွာများဘက်မှ ပတ်ပြီးသွားလာနေရသဖြင့် စစ်တွေမြို့ပေါ်ကိုရောက် ၁ နာရီနီးပါးသွားလာနေရသည်ဟု ကျေးရွာသားတစ်ဦးဖြစ်သူ ဦးစောမြင့်ကပြောသည်။
“ကျနော်တို့မှာ သလုံးတော်ဖက်က သွားမရဘူးဆိုတော့ သာယာကုန်းကျေးရွာဖက်မှာရှိတဲ့ လမ်းကသွား ရတာပေါ့။ အဲဒီလမ်းက ကြာလည်းကြာတယ်။ လမ်းတွေကလည်းဆိုးတယ်။ နောက်ပြီးတော့ကိုယ်ဝန်သည် မိခင်တစ်ယောက် ညည့်သန်းခေါင်ယံမှာ မွေးဖွားမယ်ဆိုရင် ဆေးရုံပို့ရမှာ တော်တော် အခက်အခဲရောက်တယ်။ ” ဟု ဦးစောမြင့် ကပြောသည်။
လက်ရှိကျေးရွာသားများကြုံတွေ့နေရသည့် အခက်အခဲများကိုဖြေရှင်းပေးနိုင်ရန် လက်ဝဲသလုံးတော်လမ်းမှ ဝင်ထွက်သွားလာခွင့်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာမှ အကူညီပေးစေလိုကြောင်း ဦးစောမြင့်က မေတ္တာရပ်ခံသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးလှသိန်း က “ပဋိပက္ခတုန်းကကိစ္စတွေကို ဘာမှမလုပ်သေးဘူး။ အဲဒီသလုံးတော်လမ်း ဖွင့်ပေးဖို့ ၊မဖွင့်ပေးဖို့ကိုလည်း ကြိုတင်စီစဉ်ထားတာလည်းမရှိသေးဘူး ” ဆိုသည်။
စစ်တွေမြို့နယ်တွင် ကမန်တိုင်းရင်းသားများ သာယာကုန်းကျေးရွာ၊ သင်္ဂနက်ကျေးရွာ၊ သက္ကေပြင်ရွာတို့ စသည့် ကျေး ၃ ရွာရှိပြီး အများစုမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးနေကြသည်သူများလည်းဖြစ်သည်။