- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ငပလီမြို့ ဂေါ့တောင်ရိုးတွင် မွတ်ဆလင် ၂၅ ဦးဖမ်းဆီးခံရ၊ ကျန်လူများကို ဆက်လက်ရှာဖွေနေဟု ရဲကပြော
ရခိုင်ပြည်နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်အနီးရှိ ဂေါ့တောင်ရိုးပေါ်တွင် သြဂုတ်လ ၁၉ ရက်နေ့ညပိုင်းက မွတ်ဆလင် ၂၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးကပြောသည်။
20 Aug 2022

DMG ၊ သြဂုတ် ၂၀
ရခိုင်ပြည်နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်အနီးရှိ ဂေါ့တောင်ရိုးပေါ်တွင် သြဂုတ်လ ၁၉ ရက်နေ့ညပိုင်းက မွတ်ဆလင် ၂၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးကပြောသည်။
ယင်းသို့ဖမ်းဆီးခံရသော မွတ်ဆလင်များထဲတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်ကြောင်း သိရသည်။
"သူတို့က မောင်တောကနေပြီးတော့ မလေးရှားဖက်ကိုသွားတာလို့ပြောတယ်။ လာရင်းနဲ့ လေမုန်တိုင်းနဲ့တွေ့တဲ့အခါ စက်လှေသမားက အဲဒီမွတ်ဆလင်တွေကို ကမ်းပေါ်ကိုပို့ပြီး ဂေါ့ရပ်ကွက် အနီးက ဂေါ့တောင်ရိုးပေါ်မှာထားခဲ့တယ်။ အဲဒါကို ဒေသခံတွေမြင်ပြီးသတင်းပေးလို့ သွားကြည့်တဲ့အခါ ဖမ်းမိခဲ့တာ"ဟု ရဲအရာရှိကပြောသည်။
မွတ်ဆလင်များစီးနင်းလာသည့် စက်လှေပေါ်တွင် လူဦးရေ ၅၀ ခန့်ပါဝင်လာသည်ဟု စစ်ဆေးချက်အရသိရသဖြင့် ဖမ်းမိခြင်းမရှိသေးသူများကို ဆက်လက်ရှာဖွေလျှက်ရှိသည်ဟု ရဲကဆိုသည်။
လက်ရှိတွင် ဖမ်းဆီးထားသော မွတ်ဆလင်များကို သံတွဲစခန်းတွင်ထိန်းသိမ်ထားပြီး အမှုဖွင့်ရန်ပြင်ဆင်နေကြောင်းလည်း သံတွဲရဲစခန်းမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ကလည်း ဂွမြို့နယ် ရှားဖြူကွင်းကျေးရွာအနီး ကားလမ်းပေါ်တွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် မွတ်ဆလင်အမျိုးသမီးတစ်ဦးအလောင်းနှင့် သတိမေ့နေသည့် မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦးတို့ကို တွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွယ်ခဲ့ရာတွင် ဂွမြို့နယ် (၂၅)မိုင်နေရာ(ဒေသအခေါ်) တောအတွင်းမှ မွတ်ဆလင် ကျား(၉)ဦး၊ မ(၁၀)ဦး၊ ကလေးမ(၃)ဦး စုစုပေါင်းမွတ်ဆလင်(၂၂)ဦးကို ထပ်မံဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။