- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
၃ နှစ်ကြာပိတ်ထားခဲ့သည့် အမှတ်(၁) ထိုင်း-မြန်မာ မြဝတီတံတား ပြန်လည်ဖွင့်လှစ်
ထိုင်း-မြန်မာအမှတ်(၁) ချစ်ကြည်ရေးတံတားကို ကိုဗစ်- ၁၉ ဂယက်နှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကစပြီး ပိတ်ထားခဲ့သည်။
06 Jan 2023

ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတား ပြန်လည်ဖွင့်လှစ်ထားသည်ကို တွေ့ရစဉ်။/ ဓာတ်ပုံ - ဘီဝမ်း
DMG၊ ဇန်နဝါရီ ၆
ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုတို့ကြောင့်အချိန် ၃ နှစ်ကြာ ပိတ်ထားခဲ့သည့် အမှတ် (၁) ထိုင်း-မြန်မာချစ်ကြည်ရေး မြဝတီတံတားဂိတ်ကို ဇန်နဝါရီလ ၅ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
မြဝတီမြို့ နယ်စပ်ဂိတ်တာဝန်ခံတစ်ဦးက “တံတားဂိတ်ကို မနေ့ကပဲ ဖွင့်လိုက်ပါပြီ။ နှစ်နိုင်ငံတာဝန်ရှိသူတွေ သေချာညှိနှိုင်းပြီးတော့ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါတံတားကို နံနက် ၉ နာရီမှ ည ၁၂ နာရီအထိ ကုန်စည်ပို့ဆောင်ရန်နှင့် ယာယီသွားလာရန်အတွက်သာ ခွင့်ပြုပေးထားကြောင်းလည်း နယ်စပ်ကုန်သွယ်ရေး ဂိတ်တာဝန်ခံများထံက သိရသည်။
ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ခဲ့မှုကြောင့် ယနေ့တွင် ကုန်တင်ယာဉ်များ သွားလာနေပြီး ကုန်စည်ဖလှယ်မှုများ စတင်ပြုလုပ်နေကြောင်း နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။
“ဂိတ်ပြန်ဖွင့်သွားတာ တော်သေးတယ်လို့ ပြောရမယ်။ ကုန်တွေ ဖလှယ်ကြတာအတွက်လည်း အဆင်ပြေသွားတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် တံတားဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း နှစ်နိုင်ငံ အပြန်အလှန်သွားလာရန်အတွက် ကင်းလွတ်ခွင့်ဗီဇာများကိုလည်း အမြန်ဆုံး ပြန်လည်ရရှိစေရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နေ မြန်မာများက လိုလားနေကြသည်။
“အခု တံတားဖြတ်ခွင့်က ကုန်သည်အတွက်ပဲ ဖြစ်နေတယ်။ နိုင်ငံဖြတ်ကျော်ကူးတာတွေကိုပါ ပေးနိုင်ရင် ပိုကောင်းမယ်။ ဒါတွေပြန်ရနိုင်ရင်တော့ အကောင်းဆုံးပါပဲ” ဟု မဲဆောက်မြို့နေ မြန်မာတစ်ဦးက ပြောဆိုသည်။
ထိုင်း-မြန်မာအမှတ်(၁) ချစ်ကြည်ရေးတံတားကို ကိုဗစ်- ၁၉ ဂယက်နှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ (၃) နှစ်နီးပါးကြာ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။
#F004