- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
အမ်းမြို့နယ်တွင် လက်နောက်ပြန်ကြိုးတုပ်ပြီး သေဆုံးနေသည့် အလောင်းနှစ်လောင်းတွေ့ရှိသဖြင့် ဒေသခံများ စိုးရိမ်
“ပုံစံက လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားပေါ့။ အလောင်းနှစ်လောင်းမှာ လက်နောက်ပြန် ချည်ထားတဲ့ကြိုးက ပုံစံတစ်မျိုးတည်းဖြစ်နေတယ်။ ကြိုးအရောင်လည်း တစ်မျိုးတည်း၊ အဲဒီအလောင်း နှစ်လောင်းကတော့ ဆက်စပ်မှုရှိနိုင်တယ်လို့ သုံးသပ်မိတယ်” ဟု အမ်းဒေသခံတစ်ဦးဖြစ်သည့် ကိုမျိုးလွင်က ပြောသည်။
30 Sep 2020
အောင်ထိန် | DMG
စက်တင်ဘာ ၃၀ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အမည်မသိ လူသေအလောင်းနှစ်လောင်းကို တွေ့ရှိသဖြင် ဒေသခံများ စိုးရိမ် ကြောက်လန့်နေကြသည်။
အဆိုပါမြို့နယ် အိုးပုံကျေးရွာနှင့်တစ်မိုင်ခန့်ဝေးသော မြောက်ဦးချောင်းကမ်းနားတွင် လူသေအလောင်း တစ်လောင်းအား စက်တင်ဘာလ ၂၇ ရက်နေ့ကတွေ့ရှိပြီး ပေသာမော်ပေါက် အမ်းချောင်းဝအနီး၌ ၂၈ ရက် နေ့မှာ ထပ်မံ၍ လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
“ပုံစံက လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားပေါ့။ အလောင်းနှစ်လောင်းမှာ လက်နောက်ပြန် ချည်ထားတဲ့ကြိုးက ပုံစံတစ်မျိုးတည်းဖြစ်နေတယ်။ ကြိုးအရောင်လည်း တစ်မျိုးတည်း၊ အဲဒီအလောင်း နှစ်လောင်းကတော့ ဆက်စပ်မှုရှိနိုင်တယ်လို့ သုံးသပ်မိတယ်” ဟု အမ်းဒေသခံတစ်ဦးဖြစ်သည့် ကိုမျိုးလွင်က ပြောသည်။
အလောင်းများတွေ့ရှိသည့် အနီးအနားကျေးရွာများမှ လူပျောက်ဆုံးနေမှုများလည်း မရှိသဖြင့် သေဆုံးလျက်တွေ့ရှိသည့် အလောင်းနှစ်လောင်းမှာ မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးပေ။
မြောက်ဦးချောင်းနားကမ်းနား၌တွေ့ရှိသည့်အလောင်းအား တွေ့ရှိသည့်နေ့ကပင် အမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကယူဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပေသာမော်ပေါက် အမ်းချောင်းဝအနီး၌ တွေ့ရှိသည့်အလောင်းကိုမူ စက်တင်ဘာ ၂၉ ရက်က အနီးအနား ကျေးရွာရှိ ဒေသခံများက မြေမြှုပ်လိုက်ကြောင်း ကိုမျိုးလွင်ကပြောသည်။
“အဲဒီဖက်မှာရှိတဲ့ ဒေသခံတွေက ရေလမ်းကြောင်းကိုအသုံးပြုသွားလာနေကြသလို သားငါးပုစွန်တွေကို ရှာဖွေ လုပ်ကိုင်စားသောက်နေကြတာကြောင့် အဲဒီအလောင်းတွေကို တွေ့တဲ့အခါ စိတ်ထဲမှာစိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နိုင်တယ်။ အဲဒါကြောင့်ဒေသခံတွေက စိုးရိမ်လို့မြေမြှုပ်ပစ်ကြတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါကိစ္စအား အသေးစိတ်သိရှိနိုင်ရန်အတွက် အမ်းမြို့နယ်ရဲစခန်းသို့ DMG ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။