- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
DKBA စခန်း လေကြောင်းမှ တိုက်ခိုက်ခံရ
DKBA အမှတ်(၂) စစ်နည်းဗျူဟာဌာနချုပ်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်တစ်စီးဖြင့် ဗုံး(၄)လုံး ကြဲချခဲသည်။
21 Jan 2023

လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် DKBA အမှတ်(၂) စစ်နည်းဗျူဟာဌာနချုပ်မှ ဆေးပေးခန်း ပျက်စီးခဲ့စဥ်။/ ဓာတ်ပုံ-CJ
DMG ၊ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကြိမ်ချောင်းကျေးရွာက ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) စခန်းကို ယနေ့(ဇန်နဝါရီလ ၂၁ ရက်) နံနက် ၁ နာရီအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
DKBA အမှတ်(၂) စစ်နည်းဗျူဟာဌာနချုပ် နေရာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်တစ်စီးဖြင့် ဗုံး(၄)လုံး ကြဲချခဲ့ခြင်းကြောင့် စခန်းမှ အဆောက်အဉီးအချို့နှင့် ကျေးရွာရှိ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ကြိမ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။
“မနက် ၁ နာရီလောက် ဂျက်တိုက်လေယာဥ်တစ်စီးနဲ့ ဘောလုံးကွင်းနေရာကို ၂ လုံးကြဲတယ်။ ကျန် ၂ လုံးက ကျေးရွာအနီး သွားကျတယ်။ DKBA က ဗိုလ်မှူးကြီး အေဝမ်း နေအိမ်လည်း ထိသွားတယ်”ဟု ၄င်းကပြောသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် DKBA က ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းနှင့် DKBA ဝန်ထမ်းအိမ်ခန်းများလည်း ပျက်စီးသွားခဲ့ကာ ကျေးရွာသား(၂)ဦး သေဆုံးခဲ့ရကြောင်း နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။
“ဆေးခန်း ခွဲစိတ်ခန်းအနီးကို ဗုံးကျတာ။ ဝန်ထမ်းအိမ်ခန်းထဲနဲ့ ရွာထဲကိုလည်း သွားကျတော့ ရွာသားနှစ်ဦးလည်း အသက်ဆုံးရှုံးသွားတယ်”ဟု ၎င်းဒေသခံကပြောသည်။
လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လက်ရှိတွင် ကြိမ်ချောင်း၊ အပုလုံနှင့် မြိုင်သာယာ စသည့်ကျေးရွာများမှ ဒေသခံ ၃၀၀၀ ခန့်မှာ ထိုင်း-မြန်မာနယ်စပ်နှင့် နီးစပ်ရာ တောတောင်များသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
ထိုသို့ လေကြောင်းမှ တိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး DKBA မှ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားပြီး လက်ရှိတွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းဆွေးနွေးနေသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။
#F004