- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ကျောက်ဖြူတွင် GTC ကျောင်းဖွင့်လှစ်မည်
လာမည့် ၂၀၂၂-၂၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံရှိ Government Technical College(GTC)ကျောင်း ငါးကျောင်းကို တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တစ်ကျောင်းပါဝင်ကြောင်း သိရသည်။
22 Jan 2022

DMG ၊ ဇန်နဝါရီ ၂၂
လာမည့် ၂၀၂၂-၂၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံရှိ Government Technical College(GTC)ကျောင်း ငါးကျောင်းကို တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တစ်ကျောင်းပါဝင်ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် GTC ကျောင်းဖွင့်လှစ်ခွင့်ကို ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ရက်စွဲဖြင့် အဆင့်မြင့်နည်းပညာဦးစီးဌာနမှ ညွန့်ကြားစာရောက်ရှိထားကြောင်း ကျောက်ဖြူ GTI ကျောင်းအုပ်ကြီး ဦးအောင်မွန်က DMG ကို ပြောသည်။
“Bachelor Of Technology သင်တန်းကို ဖွင့်လှစ်ဖို့အတွက် ခွင့်ပြုချက်ရသွားတာပါ။ အရင်တုန်းကတော့ ပုံမှန်ဆိုအင်ဂျင်နီယာဘွဲ့က BE၊ GTI ဆိုပြီးတော့ပေးတယ်။ အခုတော့ Bachelor Of Technology ဆိုပြီး သုံးမျိုးပေးမှာပေါ့နော်”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ရွှေဘို၊ မန္တလေး၊ ကျောက်ဖြူ၊ တောင်ဒဂုံမြို့သစ်နှင့် နေပြည်တော်တို့တွင် GTC ကျောင်းများကို တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်တွင် ယခင်က Technological University (TU)နှင့် Government Technical Institute (GTI)တို့သာရှိပြီး ယခုအခါ Government Technical College(GTC)အင်ဂျင်နီယာကောလိပ်သင်တန်းကျောင်းကို ဖွင့်လှစ်မည်ဖြစ်သည်။
ယခင်ကတည်းကရှိနေသည့် ကျောက်ဖြူမြို့မှ GTI ကျောင်းကို ဆက်လက်ဖွင့်လှစ်မည်၊မဖွင့်လှစ်မည်ကို လတ်တလောတွင် မသိရသေးကြောင်းနှင့် GTC ကျောင်းဖွင့်လှစ်ရန် အဆောက်အအုံလုံလောက်မှုရှိကြောင်း ဦးအောင်မွန်ကပြောသည်။
“ကျောင်းသားနေဖို့အတွက် အဆောင်တွေဆောက်နေတယ်။ လာမယ့်နှစ်ဆိုပြီးမယ်လို့ထင်ပါတယ်”ဟု ၎င်းကဆိုသည်။
GTI တက်ရောက်လိုသည့် ကျောင်းသားကျောင်းသူမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေရလာဒ်မှ သချာၤနှင့် အင်္ဂလိပ်စာ ဘာသာရပ်ရမှတ်ကိုသတ်မှတ်ထားပြီး TU အင်ဂျင်နီယာသင်တန်းကျောင်းကိုတက်ရောက်မည့်သူများကို တက္ကသိုလ်ဝင်တန်းမှ ဘာသာရပ်စုစုပေါင်းရမှတ်ဖြင့် သတ်မှတ်ထားသည်။
GTC အတွက် အမှတ်သတ်မှတ်ချက်ကို လတ်တလောမှာမသိရှိရသေးသော်လည်း TU မှာ အမြင့်ဆုံးအင်ဂျင်နီယာသင်တန်းကျောင်းဖြစ်ပြီး GTC မှာ ဒုတိယအမြင့်ဆုံးကောလိပ်ဖြစ်သည်။