- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
ARSA တိုက်ခိုက်မှုကြောင့် မောင်တောဒေသခံ အမျိုးသမီးတစ်ဦး သေဆုံး၊ လေးဦးဒဏ်ရာရ
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုမြို့ကနေ ကုန်ပစ္စည်းများဝယ်၍ ပြန်လာသည့် ဒေသခံ ၇ ဦးမှာ မီးတိုက်ကျေးရွာအနီးတွင် ARSA အဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
07 Oct 2024

DMG ၊ အောက်တိုဘာ ၇
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုမြို့ကနေ ကုန်ပစ္စည်းများဝယ်၍ ပြန်လာသည့် ဒေသခံ ၇ ဦးမှာ မီးတိုက်ကျေးရွာအနီးတွင် ARSA အဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အာဆာအဖွဲ့က တောင်ပြိုမြို့ကနေ ဈေးဝယ်ပြီးလာတဲ့ အရပ်သားတွေကို ခြုံခိုပြီးတော့ ဝင်တိုက်တာ။ အမျိုးသမီး တစ်ယောက် ဆုံးသွားတယ်။ နောက်လေးယောက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာပြင်းတဲ့သူတွေလည်းပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီကျော်အချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ နီးစပ်ရာ၌ ဆေးကုသမှု ခံယူနေရသည်။
သေဆုံးသူမှာ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အောင်မင်္ဂလာမှ ကိုဦးစိုးနိုင် (၂၇)နှစ်၊ မမဌေး (၂၁)နှစ်၊ ဦးညီချေ (၄၂) နှစ်နှင့် သာယာကုန်းကျေးရွာမှ ဦးထွန်းဝင်းလှိုင် (၄၅)နှစ်ဖြစ်သည်။
(သတင်းဖြည့်စွပ်ချက် - ဒဏ်ရာရရှိသူများထဲမှ ကိုဦးစိုးနိုင်မှာ ဆေးကုသမှုခံယူနေစဉ်အတွင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။)
ARSA တပ်ဖွဲ့ဝင်များသည် မေယုတောင်ကြော၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မောင်တောမြောက်ပိုင်း နေရာအနှံ့တွင် စိမ့်ဝင်လှုပ်ရှားနေပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မှုများ မကြာခဏရှိနေကြောင်း ဒေသခံများက ပြောသည်။
မောင်တော ဒေသခံတစ်ဦးက “မောင်တောမြောက်ပိုင်းတခွင်မှာ အာဆာအဖွဲ့က နယ်စပ်တကြောမှာ လှုပ်ရှားနေတာရှိတယ်။ ဒေသခံတွေက တစ်ရွာနဲ့တစ်ရွာ သွားမယ်ဆိုရင်လည်း သတိထားပြီးသွားနေရတယ်။ သူတို့နဲ့ ထိပ်တိုက်တွေ့ရင်တော့ အသတ်ခံရမှာ သေချာတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ကလည်း မောင်တော ကြိမ်ချောင်းသို့ ကုန်ပစ္စည်းသွားဝယ်သည့် အရပ်သားကားတစ်စီးကို ARSA က ခြုံခိုပစ်ခတ်မှုကြောင့် ဘူးသီးတောင်ဒေသခံ ၅ ဦး သေဆုံးပြီး၊ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိသွားခဲ့သည်။
ယင်းအပြင် AA ထိန်းချုပ်ထားသည့် မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ လုံခြုံရေးစခန်းငယ်များကို ARSA အဖွဲ့က ချောင်းမြောင်းပစ်ခတ်မှုများရှိသဖြင့် မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။
လက်ရှိတွင် မောင်တောမြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့ပေါ် နခခ ၅ တပ်ရင်းအား ထိုးစစ်ဆင် တိုက်ခိုက်နေသည်။