- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
နေရပ်မပြန်နိုင်သေးသည့် ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင်များ (ဓာတ်ပုံအက်ဆေး)
နေရပ်ကိုလည်း မပြန်နိုင်၊ အလုပ်အကိုင်လည်း အဆင်မပြေသည့် ဘဝထဲမှ ရုန်းထွက်လို၍ ပြည်ပနိုင်ငံများတွင် အလုပ်အကိုင်ရှာဖွေရန် ထွက်ခွာသွားသည့် စစ်ဘေးရှောင်များလည်းရှိသည်။
27 Jan 2023

DMG (ဓာတ်ပုံအက်ဆေး)
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ကာ နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် ဘူးသီးတောင်မြို့နယ်မှ စစ်ဘေးရှောင်များမှာ ယနေ့အထိ နေရပ်ကို မပြန်နိုင်ကြသေးပေ။
ဘူးသီးတောင်မြို့နယ်အတွင်းက စည်တောင်၊ ကံပြင်၊ စံဂိုးထောင်၊ ဉယျာဉ်သာ၊ သျှစ်သျှားတောင်၊ နွားရုံတောင်၊ ကွမ်းတောင်၊ သပိတ်တောင်၊ ကံ့ကော်မြိုင် စသည့်ကျေးရွာများမှ လူဦးရေ ၂,၀၀၀ ကျော်မှာ ၄ နှစ်ခန့် ကြာသော်လည်း နေရပ်သို့မပြန်နိုင်ကြသေးခြင်းဖြစ်သည်။
အဆိုပါစစ်ဘေးရှောင်များမှာ ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေ၊ လမ်းမဘုန်းတော်ကြီးကျောင်း၊ မြတောင်၊ ဂန္ဓာရီ စသည့်စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲများစွာဖြင့် နေထိုင်လျက်ရှိကြသည်။
လက်ရှိ ရခိုင်တွင် အပစ်ရပ်ထားသော်လည်း ကျေးရွာအနီးတပ်စွဲထားခြင်း၊ နေအိမ်များပျက်စီးသွားခြင်း၊ တိုက်ပွဲအချိန်မရွေး ဖြစ်လာမည်ကို စိုးရိမ်ခြင်းနှင့် ကျေးရွာအနီး မိုင်းအန္တရာယ်ကိုစိုးရိမ်ရခြင်းတို့ကြောင့် စစ်ဘေးရှောင်များမှာ နေရပ်သို့မပြန်နိုင်ကြသေးခြင်းဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများ တစ်ဖြည်းဖြည်းလျော့နည်းလာသည့် စစ်ဘေးရှောင်များမှာ ဘူးသီးတောင်မြို့အတွင်း ကုန်တင်ကုန်ချ၊ ပန်းရံ စသည့်ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်ကာ ရှာဖွေစားသောက်နေကြသည်။
နေရပ်ကိုလည်း မပြန်နိုင်၊ အလုပ်အကိုင်လည်း အဆင်မပြေသည့် ဘဝထဲမှ ရုန်းထွက်လို၍ ပြည်ပနိုင်ငံများတွင် အလုပ်အကိုင်ရှာဖွေရန် ထွက်ခွာသွားသည့် စစ်ဘေးရှောင်များလည်းရှိသည်။
#I002