- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
- ကျောက်ဖြူတိုက်ပွဲတွင် ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ခရီးသည်တင်လေယာဉ်ဖြင့် ရန်ကုန်သို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် စာသင်ကျောင်းများ ရပ်ဆိုင်းမှု ကလေး နှစ်သိန်းခွဲ အခက်ကြုံ
- မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တို့ တိုက်ပွဲများ ကြိုကြားဖြစ်နေ
- စစ်မှုထမ်း တပ်သားသစ်များနှင့်သာ ကျားကန်နေရသည့် စစ်ကောင်စီ၏ ရှေ့တန်းစစ်မြေပြင်
ကရင်နီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း ညီနောင်သုံးဖွဲ့အားပေး
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်ကဖွဲ့စည်းခဲ့ပြီး ယခုတဖန် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ထပ်မံဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။
12 Jun 2023

DMG ၊ ဇွန် ၁၂
ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းလိုက်သည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (ICE) ကို AA၊TNLA၊ MNDAA မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ကြိုဆိုလိုက်ပြီး တော်လှန်ရေးကာလတွင် ခြေလှမ်းသစ် ထပ်မံပြသခြင်းဖြစ်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်ကဖွဲ့စည်းခဲ့ပြီး ယခုတဖန် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ထပ်မံဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။
“တော်လှန်ရေးအခြေအနေနဲ့ လိုက်လျောညီထွေစွာ ဖွဲစည်းနိုင်ခြင်းမှာ ကရင်နီလူမျိုးမှ နောက်ထပ် ခြေလှမ်းသစ်တစ်ခုအား ရဲဝံ့စွာလှမ်းလိုက်ခြင်းဖြစ်တယ်” ဟု ယနေ့ ပူးတွဲပို့ပေးသည့် ညီနောင်သုံးဖွဲ့ သဝဏ်လွှာတွင် ဖော်ပြသည်။
IEC ဖွဲ့စည်းတည်ထောင်ခြင်း ထုတ်ပြန်ချက်တွင် ကရင်နီပြည်နယ်တွင် ကြားကာလပြည်နယ်အစိုးရတစ်ရပ်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ တည်ငြိမ်းအေးချမ်းရေးကို ကြိုးပမ်းရန်နှင့် ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် ပူးပေါင်းရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ယင်းအပြင် လူထုများ၏ အဓိက လိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းသွားမည်ဟု IEC က ဆိုသည်။
IEC ဥက္ကဌ ခူဦးရယ် က “လက်ရှိ တော်လှန်ရေးအခင်းအကျင်းအရ ပြည်သူလူထုနဲ့ ပြည်ထောင်စုအတွက် တသားတည်းရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်နယ် တစ်ခုအတွက်လိုအပ်တဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးလုပ်ငန်းတွေ စနစ်တကျ ချမှတ်ဖော်ဆောင်နိုင်ကြဖို့အတွက် ဖွဲစည်းလိုက်ပါတယ်” ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (ICE) ကို ထိပ်ပိုင်းအဖွဲ့ဝင်(၆)ဦးဖြင့် ကနဦးဖွဲစည်းထားပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ခုဖြင့် အုပ်ချုပ်သွားရန် ရည်မှန်းထားကြောင်း သိရသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) အပါဝင် ကရင်နီလူမျိုးများသည် အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်နေပြီး ဒေသအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားစီရင်ရေး တို့ကို ကြိုးစားလာခြင်းဖြစ်သည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ကလည်း KNDF နှင့် ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေးရှိပြီး လက်နက်ခဲယမ်းနှင့် အခြားစစ်ရေးအကူအညီများ ပေးထားကြသည်။
ကရင်နီလူမျိုးများသည် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နေသည်ကို ထင်ရှားစွာတွေ့ရကြောင်း ညီနောင်သုံးဖွဲ့က ချီးမွှန်းစကားဆိုထားသည်။
#R007