- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
စစ်တွေမှ ရှေ့နေဟောင်းတစ်ဦး ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲခံရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရှေ့နေဟောင်းတစ်ဦးအား ယနေ့(အောက်တိုဘာ ၇ ရက်)တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲတင်လိုက်ကြောင်း သိရသည်။
07 Oct 2020
အောင်ထိန် | DMG
အောက်တိုဘာ ၇ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရှေ့နေဟောင်းတစ်ဦးအား ယနေ့(အောက်တိုဘာ ၇ ရက်)တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲတင်လိုက်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်နောက်ပိုင်းက facebook လူမှုကွန်ယက်စာမျက်နှာပေါ်၌ ရခိုင်ပြည်နယ်အတွင်း အရပ်သား ထိခိုက် သေဆုံးမှုများနှင့်ပတ်သက်၍ (share)လုပ်သည့် post များရှိခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း တရားစွဲဆိုခံရသူ ဦးသာပွင့်ကပြောသည်။
“ဒါကအကြောင်းမရှိ အကြောင်းရှာလို့စွဲတာဖြစ်တယ်။ post ကို share လို့စွဲတယ်ဆိုရင် နံပါတ်တစ် post ကို ရေးတဲ့သူ တရားခံပါရမယ်။ နံပါတ်နှစ် share လုပ်တဲ့သူ ကျွန်တော်တစ်ယောက်တည်း share လုပ်တာ မဟုတ်ဘူး။ လူအယောက်နှစ်ဆယ် share ရင် နှစ်ဆယ်ယောက်ပါရမယ်။ အခုကကျနော်တစ်ယောက်တည်းကို share လို့ဆိုပြီး စွဲရတာက အမြင်ကပ်လို့စွဲတာပဲ” ဟု ဦးသာပွင့်ကဆိုသည်။
ရှေ့နေဟောင်းဦးသာပွင့်ကို စစ်တွေမြို့နယ်ရှိ နပခအမှတ်(၉) လျှပ်စစ်နှင့်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးကျော်ဇော်က တရားလိုပြုလုပ်ပြီး အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲခံရသူဦးသာပွင့်အား အာမခံနှင့်ပြန်လွှတ်ပေးလိုက်ကာ လာမည့် အောက်တိုဘာလ ၂၁ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအစိုးရလက်ထက် (၄)နှစ်ကျော်ကာလအတွင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုသဖြင့် တရားစွဲဆိုခံရသူ (၁၀၅၁)ဦးရှိပြီး တရားစွဲဆိုထားသည့်အမှုပေါင်း(၅၃၉)မှုရှိကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အရေးဆောင်ရွက်နေသည့် အသံအဖွဲ့မှ ဇူလိုင် ၁၆ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။