စစ်ကောင်စီရေတပ် ပစ်ခတ်မှုကြောင့် သံတွဲမြို့နယ်တွင် ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ 

Admin 20 May 2024

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်အချိန် စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ ကလေး ၁ ဦးသေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိသွားသည်။ 

လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် စစ်ကောင်စီနှင့်အပေါင်းပါများက အရှိန်မြှင့်လုပ်ဆောင်နေ

Admin 20 May 2024

ရခိုင်ဒေသတွင်စစ်ရှုံးနေသော စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး  အဓိကရုဏ်းဖြစ်ပွားစေရန် ရည်ရွယ်ပြီး နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ထုတ်ပြန်သည်။

မောင်တောတခွင်သိမ်းပိုက်ရေး AA ထိုးစစ်အရှိန် တစ်ဆင့်မြှင့်တိုက်ခိုက်

Admin 20 May 2024

ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းအများဆုံးတည်ရှိရာ ဘူးသီးတောင်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့နယ်ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန်တစ်ဆင့်မြှင့်ကာ တိုက်ခိုက်နေသည်။ 

သံတွဲဒေသခံနေအိမ်များအား ဖောက်ထွင်းပြီး စစ်ကောင်စီက ပစ္စည်းများခိုးယူနေ

Admin 20 May 2024

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များအား ဖောက်ထွင်းပြီး ပစ္စည်းများကို ခိုးယူဆောင်နေကြောင်း ဒေသခံများက ပြောသည်။

အပူချိန်မြင့်တက်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်ကလေးနှင့် သက်ကြီးများ နေမကောင်းအဖြစ်များနေ

Admin 18 May 2024

ပုဏ္ဏားကျွန်း - ကျောက်တော် ကားလမ်းမဘေးတွင် ယာယီတဲထိုးပြီး နေထိုင်ကြသော စစ်ဘေးရှောင်များမှာ အပူဒဏ်ကို အပြင်းအထန် ခံစားနေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။ 

အာရက္ခဒေသစစ်ပွဲ AA သိမ်းပိုက်သည့် မြို့နယ် ၁၀ ခုထိရှိလာ

Admin 18 May 2024

ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသည့် တပ်ရင်း၊ တပ်မ၊ ဌာနချုပ်များအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင် မိုင်းအန္တရာယ် စိုးရိမ်နေရ 

Admin 18 May 2024

ရခိုင်ပြည်မြို့တော် စစ်တွေမြို့လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီက မြို့ပတ်ပတ်လည်နှင့် မြို့ဝင်ထွက်ဂိတ်များတွင် မိုင်းထောင်ထားသဖြင့်  ဒေသခံများမှာ မိုင်းအန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။

ရခိုင်ဒေသက မွတ်ဆလင်ဒုက္ခသည်များ အငတ်ဘေးကြုံနေရ 

Admin 18 May 2024

လမ်းပိတ်ထားမှုကြောင့် ကုန်ဈေးနှုန်းလည်း အဆမတန်မြင့်မားနေ၍ စစ်တွေမြို့နယ်မှ ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ အုန်းတောကြီး၊ အုန်းတောချေ စသည့် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များမှာ အငတ်ဘေးကြုံနေရကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်လိုက်ပြီ

Admin 17 May 2024

လက်ရှိတွင် ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများအား AA က လိုက်လံရှင်းလင်းနေ၍ မြေပြင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံပစ်ခတ်နေကြောင်း သိရသည်။

သံတွဲတွင် စစ်ဘေးရှောင်တိုးလာ၍ အကူအညီများလိုအပ်နေ

Admin 17 May 2024

သံတွဲမြို့နယ်တွင် စစ်ကောင်စီက အရပ်သားကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်နေမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၂၀,၀၀၀ နီးပါးရှိလာကြောင်း သံတွဲဒေသခံများက ပြောသည်။

စစ်ကောင်စီအသက်ရှင်အောင် အိန္ဒိယက စစ်ရေးနှင့် ဆက်စပ်အကူအညီပေးနေ

Admin 17 May 2024

အိန္ဒိယနိုင်ငံသည် စစ်ကောင်စီကို စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချနေသဖြင့်  ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုသည်။

နေရပ်ပြန် ရခိုင်ဒေသခံများ ပြန်လည်ထူထောင်ရေး ခက်ခဲနေ

Admin 17 May 2024

ရခိုင်စစ်ပွဲစတင်သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ၆ နှစ်တာအတွင်း နေရပ်မပြန်နိုင်ခဲ့သည့် စစ်ဘေးရှောင် ၆၀,၀၀၀ နီးပါးထဲမှအများစုမှာ AA ခွင့်ပြုချက်ဖြင့် နေရပ်ပြန်ကြသော်လည်း ဘဝသစ်ပြန်စရန် အခက်အခဲရှိနေကြသည်။ 

စစ်သင်သန်းတက် မွတ်ဆလင်များနှင့် မိသားစုအဆက်သွယ်မရ

Admin 17 May 2024

ဧပြီလအတွင်း စစ်တွေမြို့နယ် ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကပြင် စသည့် မွတ်ဆလင်ကျေးရွာများမှ စစ်ကောင်စီက ခေါ်သွားသည့် မွတ်ဆလင်လူငယ် ၅၀၀ ထဲမှ တချို့ကို မိသားစုဝင်များက လုံးဝဆက်သွယ်မရ ဖြစ်နေသည်။ 

စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံမှုထဲက ရခိုင်အရေး 

16 May 2024

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် မေ ၁၅ ရက်မှစပြီး တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီမြေမြှုပ်မိုင်းကြောင့် လူငယ်တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ 

Admin 16 May 2024

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ရေးကာလအတွင်း စစ်ကောင်စီတပ်သားများ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနင်းမိ၍ ကျောက်တန်းကျေးရွာမှ လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရခိုင်တွင် ယခုလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိသူ ၇၀ ကျော်ပြီ 

Admin 16 May 2024

ရခိုင်ဒေသတွင် စစ်ရေးအရှိန်မြင့်တက်နေမှုနှင့်အတူ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး/ငယ်များဖြင့် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် မေလ ၁ ရက်မှ ၁၅ ရက်အတွင်း သေဆုံးသူ ၂၆ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀ ဦးအထိရှိနေသည်။

စစ်ပွဲနောက်ဆက်တွဲ ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိလာ

Admin 16 May 2024

အရပ်သားများနေထိုင်ရာကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်နေမှုကြောင့် အရွယ်မရောက်သေးသော ကလေးသူငယ်များမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြင့် ရှင်သန်နေရကြောင်း  အုပ်ထိန်းသူများက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီလက်ချက်ကြောင့် နှစ်ရက်အတွင်း သေဆုံးဒဏ်ရာရသူ ၄၀ ကျော်ရှိ

Admin 15 May 2024

ရခိုင်ပြည်တွင် ဆေးရုံများ၊ အဆောက်အအုံများနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်မှုများကို နိုင်ငံတကာက ထိရောက်စွာ အရေးယူစေချင်ကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။ 

စစ်ရေးပဋိပက္ခကြောင့် ရခိုင်က အမျိုးသမီးများ အလုပ်လက်မဲ့များလာ

Admin 15 May 2024

ရခိုင်ပြည်အနှံ့ ပြင်းထန်သော တိုက်ပွဲများနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုများကြောင့် ရခိုင်ဒေသခံ  အမျိုးသမီးများမှာ အလုပ်လက်မဲ့များလာပြီး ဝင်ငွေရရှိမှုလျော့နည်းနေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောကြသည်။ 

စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး

Admin 15 May 2024

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏  လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ကမန်တိုင်းရင်းသား ၉ ဦးနှင့် ရခိုင် ၁ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Showing 1,201-1,220 of 8,653 items.