သံဇစ်မြစ်ရေညစ်ညမ်းမှုနဲ့ ဒေသခံရေလုပ်သားတို့အခြေအနေ
01 Sep 2018
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြဒေးကျွန်းမြစ်ရေပြင်မှာ ညစ်ညမ်းနေတဲ့ရေတွေ တွေ့ရှိခဲ့ ရတဲ့အတွက် ဒေသခံရေလုပ်သားတွေဟာ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။
01 Sep 2018
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြဒေးကျွန်းမြစ်ရေပြင်မှာ ညစ်ညမ်းနေတဲ့ရေတွေ တွေ့ရှိခဲ့ ရတဲ့အတွက် ဒေသခံရေလုပ်သားတွေဟာ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။
31 Jul 2018
လူမှုရေးသိပ္ပံဘာသာရပ် (Akyab Institute of Social Studies) AISS ဒီပလိုမာသင်တန်းကျောင်းကို ရခိုင်ပြည်နယ်မှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ အဲဒီသင်တန်းကို ၂၀၁၇ ခုနှစ်က စစ်တွေမြို့ မိဇံရပ်ကွက်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခု ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က သင်တန်းအပါတ်စဉ် (၂)ကို ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းကာလကတော့ တစ်နှစ်ကြာမြင့်မှာဖြစ်ပြီး လူငယ်တွေအများဆုံးကြုံတွေ့နေရတဲ့ အလုပ်အကိုင် ရှားပါးမှုပြဿနာကနေရုန်းထွက်နိုင်ဖို့အတွက် တစ်ဖက်တစ်လှမ်းကဖဲမကူညီတဲ့အနေနဲ့ လူမှုရေးသိပ္ပံ ဘာသာရပ်ကို သင်ကြားပို့ချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လူမှုရေးသိပ္ပံဒီပလိုမာသင်တန်းအခြေအနေအပါအဝင် လက်ရှိရခိုင်ပြည်နယ်အတွင်းကလူငယ်တွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ လူမှုရေးသိပ္ပံဒီပလိုမာသင်တန်းကျောင်းရဲ့ အမှုဆောင် ဒါရိုက်တာ ကိုကျော်ဆန်းလှိုင်ကို Development Media Group က တွေ့ဆုံမေးမြန်းထားပါတယ်။
30 Jul 2018
မိုးရာသီအပန်းဖြေရန် မြောက်ဦးမြို့ရှိ တောင်ဖြူဆည်သို့ ရေကစားရန် လာရောက်သူများပြားနေပြီး စားဖတ်သောက်ဖတ်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများရှိနေသည်။ သောက်စားမူးယစ်မှုများကြောင့် ရန်ပွဲများ မကြာခဏဖြစ်ကြကြောင်းသိရသည်။ အဆိုပါဆည်ကို လာရောက်သူများအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ရန်ပွဲဖြစ်ခြင်းနှင့် ဆည်၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးရန် လူငယ်တစ်ဦးက တိုက်တွန်းထားသည်။
သတင်း - ချမ်းအေး၊ DMG
23 Jul 2018
ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှာ မြေယာအငြင်းပွားမှုဖြစ်ရာကနေ တစ်ရွာတည်းနေသူတွေ အချင်းချင်း တုတ်၊ ဓါးဆွဲကိုင်သည်အထိ ဖြစ်လာနေပါတယ်။ မနေ့က ဇူလိုင်လ ၂၂ ရက်နေ့မှာဆိုရင် အဲဒီမြေယာကိစ္စနဲ့ ရွာသားအချင်းချင်း ရိုက်ပုတ်သတ်ဖြတ်သည် အထိ ရှိလာတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ် လူစုခွဲခဲ့ရပါတယ်။ ချောင်းတူကျေးရွာမှာဖြစ်ပွားနေတဲ့ မြေယာအငြင်းပွားမှုမှာ အောက်ခြေအဆင့် သက်ဆိုင်ရာဌာနတွေရဲ့ အကတိလိုက်စားမှုတွေရှိတဲ့အတွက် ထိရောက်တဲ့ဖြေရှင်းပေးမှုတွေမရှိဘူးလို့လည်း ကျေးရွာသားတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြပါတယ်။ ဒီအငြင်းပွားမှုကို အစိုးရအနေနဲ့ ထိရောက်တဲ့ကိုင်တွယ်ဖြေရှင်းမှုတွေလုပ်ဆောင်ဖို့ အချိန်ကြန့်ကြာနေမယ် ဆိုရင် အခုထက်ဆိုးဝါးတဲ့ပြဿနာတွေ ကြုံတွေ့လာနိုင်တဲ့အတွက် ကျေးရွာသားတွေက စိုးရိမ်မှုတွေရှိကြ ပါတယ်။ ချောင်းတူကျေးရွာရဲ့ လယ်ယာမြေအငြင်းပွားမှုနဲ့ လက်ရှိပြဿနာဖြစ်ပွားမှုအခြေအနေတွေကို အဲဒီကျေးရွာမှာ ရောက်ရှိနေတဲ့ တောင်သူလယ်သမားဥပဒေအထောက်အကူပြုကွန်ယက်ရဲ့ စီမံကိန်းမန်နေဂျာ ဦးကျော်ထွီးကို Development Media Group သတင်းထောက် နေဝင်းစံက မေးမြန်းထားမှုကို တင်ဆက်ပေးလိုက်ရပါတယ်။
18 Jul 2018
ပြည်တွင်း၊ ပြည်ပသို့ သွားရောက် အလုပ်လုပ်နေရတဲ့ ရခိုင်တိုင်းရင်းသားတွေ ပြန်လာနိုင်ဖို့၊ မိမိဒေသမှာ မိသားစုနဲ့ အတူတူ နေထိုင်ပြီး အလုပ်လုပ်နိုင်ဖို့၊ ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အကျိုးရှိတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ပြုလုပ်နိုင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံကြိုဆိုပွဲ ပြုလုပ်နေတဲ့ ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးငြိမ်းချမ်းမောင်နဲ့ DMG တို့ တွေ့ဆုံမေးမြန်းထားပါတယ်။
မေးမြန်းသူ - နေရောင်မင်း (စစ်တွေ)
17 Jul 2018
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန် ပြောခဲ့သည့် မိန့်ခွန်းသည် နိုင်ငံရေးပါတီများအစုအဖွဲ့ သဘောထား မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ၏ ပြန်လည်ရှင်းလင်းချက်အား DMG သတင်းထောက် ရွှေထက်မှ မေးမြန်းထားသည်။
09 Jul 2018
သင်္ဘောကွေ့ကျေးရွာသားတွေ နေရာပြောင်းရွှေ့ပေးဖို့ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးညီပုက ညွှန်ကြားထားပြီး တခြားကြိုက်တဲ့နေရာမှာ နေထိုင်ဖို့ စီစဉ်ပေးမယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဇူလိုင်လ ၉ ရက်နေ့ကပြောဆိုခဲ့ပါတယ်။
ရုပ်သံ - ဝံသ (မောင်တော)
09 Jul 2018
ကိုယ်ထူကိုယ်ထထူထောင်ထားတဲ့ မောင်တောမြို့နယ်က သင်္ဘောကွေ့ကျေးရွာသစ်ကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရောက်ရှိလာပြီး ဒေသခံတွေကို ပြောင်းရွှေ့ဖို့ ပြောပြီး နေအိမ်တချို့ကို စတင်ဖြိုဖျက်နေပြီလို့ ကျေးရွာသားတွေက ပြောဆိုပါတယ်။ ကျေးရွာသားတွေကတော့ ဒီသင်္ဘောကွေ့ကျေးရွာကနေ ဘယ်ကိုမှ မပြောင်းရွှေ့သလို ဖမ်းရင်လည်း အဖမ်းခံမယ့်အပြင် သတ်မယ်ဆိုရင်လည်း ဒီရွာမှာပဲ မြေမြုပ်ခဲ့ပါလို့ အဲဒီကျေးရွာမှာနေတဲ့ ဒေါ်ဥမ္မာကျော်က DMG ကို ပြောဆိုထားပါတယ်။
09 Jul 2018
“ မြေနေရာတစ်နေရာမှာ ကိုယ်ဆောက်ချင်သလို ၊ ကိုယ်လုပ်ချင်သလို ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရဘူး။ အစိုးရရှိတယ်၊ အစိုးရရဲ့ ခွင့်ပြုချက်ယူရမယ်။ အဲဒါကြောင့် အစိုးရဖြစ်တဲ့ ကျွန်တော်တို့က ဒီနေရာနေလို့မရဘူး၊ ဒီနေရာရွေ့ပါဆိုပြီး သေချာပြောပြနေတာ။ ” မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ကိုယ်ထူကိုယ်ထ သဘောၤကွေ့ကျေးရွာသားများအား ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ရှင်းပြပြောကြားနေခြင်းဖြစ်ပါတယ်။
04 Jul 2018
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ဌာနေညွှန်ကြားရေးမှူးအဖွဲ့တို့သည် ဇူလိုင်လ ၃ ရက်နေ့က မောင်တောမြို့သို့ ရောက်ရှိလာပြီး မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် နေ့လည် ၁၂ နာရီက တွေ့ဆုံခဲ့ပြီးနောက် ရွှေရင်အေးကျေးရွာမှ ဒေသခံတိုင်းရင်းသားများဖြင့် တွေ့ဆုံခဲ့သည်။
မေးမြန်း/ ရိုက်ကူး - ဝံသ(မောင်တော)
02 Jul 2018
ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးကိစ္စကို ဖြေရှင်းနိုင်ဖို့ အစိုးရက ဖွဲ့စည်းပေးမယ့် လွတ်လပ်သော စုံစမ်းရေးကော်မရှင်အပေါ် အမြင်သဘောထားနဲ့ ဘင်္ဂါလီကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲဆိုတာကို မြန်မာနိုင်ငံအတွင်းက ပဋိပက္ခပြဿနာတွေကို လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာတွေထုတ်ပြန်နေတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကို တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
26 Jun 2018
ရခိုင်ပြည်နယ်အတွင်းမှာ နှစ်စဉ်နှစ်တိုင်းရေရှားပါးမှုတွေကို မြို့ပြရပ်ကွက်တွေအပါအဝင် ကျေးလက်တောရွာ တွေမှာပါ ကြုံတွေ့နေကြရပါတယ်။ အထူးသဖြင့် အစိုးရရုံးတွေ၊ အဖွဲ့အစည်းတွေတည်ရှိနေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့စစ်တွေမြို့မှာ ကန်တော်ကြီးရေခမ်းခြောက်မှုကြောင့် ရေရှားပါးမှုတွေဖြစ်ပေါ်နေပါတယ်။ အခု လို ရေရှားပါးမှုတွေကို မည်သို့မည်ပုံဆောင်ရွက်ဖြေရှင်းနေသည်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စည် ပင်ဝန်ကြီး ဦးဝင်းမြင့်အေးအား Development Media Group မှ တွေ့ဆုံမေးမြန်းထားပါသည်။
12 May 2018
ပိုဆိုးတာကတော့ ကိုယ်မသိနားမလည်တဲ့ အခုအပြင်မှာ ဝယ်လို့ရတဲ့ ဘဲနှုတ်သီးဆေးလို့ခေါ်တဲ့ အဲဒီ ဆေးတွေကိုသာ ထည့်ပေးခဲ့ရင်တော့ ဒါဟာပိုးပိုပြီးတော့ဝင်မယ်။ ပေါက်လွယ်ပါတယ်။ ပေါက်ခဲ့ရင်တော့ မျက်လုံးထုတ်ရပါမယ်။ ရခိုင်ပြည်နယ်မှာတော့ လောလောဆယ် ကျန်းမာရေးအသိပညာနည်းတဲ့နေရာတွေမှာ ဒီလိုမျိုး မျက်စိမှာ အမှုန့်ဝင်ကြတယ်။ ဒဏ်ရာနည်းနည်းရရင် ခြစ်ထုတ် မယ်၊ အမှုန့်ထုတ်မယ်ဆိုရင် အန္တရာယ်များပါတယ်။
09 May 2018
တောင်ကုတ်မြို့မှာ ၅ ရက်တာဆွေးနွေးခဲ့တဲ့ ရခိုင်လူငယ်ညီလာခံမှာ ဘာတွေဆွေးနွေးခဲ့ကြသလဲ၊ ဆွေးနွေးမှုရလဒ်က ဘာတွေရရှိခဲ့သလဲ ဆိုတာကို DMG သတင်းထောက် မျိုးမြင့်ဇော်က မေးမြန်းတင်ဆက်ထားပါတယ်။
28 Feb 2018
မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့နှင့် ဆင်ခေါင်ကျေးရွာတွင် သံတွဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ကျောက်တော် စတဲ့ မြို့နယ်တွေက ပြောင်းရွေ့လာပြီး အခြေချနေထိုင်တဲ့ မိသားစု ၆၀ ကျော်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နဲ့ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမြင့်ခိုင်တို့ လာရောက်တွေ့ဆုံပြီး အပြုသဘောဆောင်ရှင်းပြခဲ့တာဖြစ်ကြောင်း၊ အတင်းအားဓမ္မ နှင်ထုတ်ခဲ့တာမရှိကြောင်း၊
07 Feb 2018
“ အဆိုရှင်တစ်ယောက်က ဒီလိုမျိုးအခွေလေး ထွက်နိုင်တဲ့နေ့ဆိုတာ အကုန်လုံးပျော်ကြမှာပဲလေ။ ကျနော်လည်း အခုလိုမျိုး လမ်းကလေးဆိုတဲ့ မှတ်တိုင်လေးတစ်ခု ရလိုက်တဲ့အတွက် ကျနော်ပျော်ပါတယ်။ ”
▪ Myanmar Idol Season Two Winner သားငယ်ရဲ့ အခုတစ်ပတ်အတွင်း ထွက်ရှိထားတဲ့ “ လမ်းကလေး ” စီဒီခွေနဲ့ပတ်သက်ပြီးတော့ DMG က တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
24 Jan 2018
မြန်မာနိုင်ငံမှာ လူငယ်တွေ လမ်းပေါ်ထွက်လို့၊ နိုင်ငံရေးမှာပါဝင်လို့ ဖမ်းဆီးထောင်ချခံနေရတာတွေ၊ အသက်ဆုံးရှုံးမှုတွေရှိနေပါတယ်။ ကယားပြည်နယ်မှာ လူငယ်တွေ အမှန်တရားအတွက် လမ်းပေါ်ထွက်လို့ ငြိမ်းစုစီနဲ့ တရားစွဲခံနေရတာတွေ၊ မြောက်ဦးမြို့မှာ လူငယ်တွေ နိုင်ငံရေးမှာပါဝင်လို့ အသက်ဆုံးရှုံးနေရတာတွေနဲ့ လူငယ်တွေရဲ့ ပွင့်လင်းရိုးသားစွာ ပြောဆိုမှုတွေကြောင့် နစ်နာနေရတာတွေနဲ့ ပတ်သက်လို့ လက်ရှိအစိုးရနဲ့ ပြီးခဲ့တဲ့ အစိုးရကို နှိုင်းယှဉ်ပြီး လူငယ်တွေကို ဒီထက်မက ပံ့ပို့ပေးသင့်တဲ့ အကြောင်းတွေကို ရန်ကုန်လူငယ်ကွန်ယက်က ဥက္ကဋ္ဌဖြစ်တဲ့ မသဉ္ဖာရွှန်းလဲ့ရည် ကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
21 Jan 2018
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိ့ပက္ခနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက တွေ့ရှိချက်တွေကို ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်အမျိုးသားပါတီအနေနဲ့ ဘာတွေတွေ့ရှိထားသလဲဆိုတာကို ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယဥက္ကဌဖြစ်သူ ဒေါ်အေးနုစိန်ကို DMG က တွေ့ဆုံ မေးမြန်းထားပါတယ်။
20 Jan 2018
"ဒေါက်တာအေးမောင်ကို နှိပ်ကွပ်တာဟာ ရခိုင်တမျိုးသားလုံးကို ငြိမ်ဝပ်ပိပြားအောင်၊ အညွှန့်တုံးအောင် လုပ်ပစ်တာ ဖြစ်တယ် "
မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ဒေါက်တာအေးမောင်ကို တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ထားတာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက ဒုတိယ ဥက္ကဌ (၂) ဖြစ်တဲ့ ဒေါ်အေးနုစိန်ကို DMG က တွေ့ဆုံမေးမြန်းထားပါတယ်။
19 Jan 2018
ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံလူထုတွေကြား အပြန်အလှန် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ လူအုပ်ကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့်တားဆီးခဲ့ပေမယ့် ထိန်းသိမ်းလို့မရတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။