- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
မြန်မာနိုင်ငံမှရောက်ရှိလာသူများအမေရိကန်တွင် ယာယီနေထိုင်ခွင့် သက်တမ်း ၂၀၂၄ မေလအထိထပ်တိုး
စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ရောက်ရှိနေကြသူများအားအမေရိကန်နိုင်ငံအတွင်းယာယီနေထိုင်ခွင့်ကိုတစ်နှစ်ခွဲထပ်မံသက်တမ်းတိုးခွင့်ပြုလိုက်ကြောင်းဘိုင်ဒန်အစိုးရအဖွဲ့ကတနင်္လာနေ့တွင် ကြေညာလိုက်သည်။
27 Sep 2022

DMG | စက်တင်ဘာ ၂၇
စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ရောက်ရှိနေကြသူများအားအမေရိကန်နိုင်ငံအတွင်းယာယီနေထိုင်ခွင့်ကိုတစ်နှစ်ခွဲထပ်မံသက်တမ်းတိုးခွင့်ပြုလိုက်ကြောင်းဘိုင်ဒန်အစိုးရအဖွဲ့ကတနင်္လာနေ့တွင် ကြေညာလိုက်သည်။
ယခုကြေညာချက်တွင် အကျုံးဝင်သော မြန်မာနိုင်ငံသားစုစုပေါင်း ၉၇၀ ခန့်ရှိပြီး ၎င်းတို့သည် ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့အထိနေထိုင်ခွင့်ရမည်ဖြစ်ကာအမေရိကန်ပြည်ထောင်စုတွင် တနင်္ဂနွေနေ့အထိရောက်ရှိနေသည့် နောက်ထပ် မြန်မာနိုင်ငံသား ၂၂၉၀ ဦးသည်လည်းခွင့်ပြုထားသောသက်တမ်းအထိအလုပ်လုပ်ကိုင် နေထိုင်ခွင့် ရရှိကြမည်ဖြစ်ကြောင်းအေပီသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်၌ မြန်မာနိုင်ငံမှ ရောက်ရှိလာသူတစ်သိန်းခွဲခန့်ရှိကြောင်းအမေရိကန်လူဝင်မှုကြီးကြပ်ရေးမူဝါဒရေးရာဌာနက ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သောအချက်အလက်များအရသိရသည်။
မြန်မာပြည်သူများသည် “စစ်အာဏာသိမ်းမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှု တို့ကြောင့် ရှုပ်ထွေးပြီးဆိုးရွားလာနေသည့် လူသားချင်းစာနာမှု အကျပ်အတည်းများကိုဆက်လက်ခံစားနေရ” သည်ဟုအမေရိကန်ပြည်ထောင်စုအမိမြေလုံခြုံရေးဝန်ကြီးအဲလက်ဟန်ဒရိုမာယောကက်စ်ကပြောကြားသည်။
သဘာဝဘေးဒဏ် သို့မဟုတ် နိုင်ငံရေးပဋိပက္ခများကြောင့် ၎င်းတို့နိုင်ငံများမှ ထွက်ပြေးလာရသူများအားယာယီနေထိုင်ခွင့် (Temporary Protected Status - TPS) အစီအစဉ်ကိုအမေရိကန်ပြည်ထောင်စုတွင် ၁၉၉၀ ခုနှစ်၌ စတင်ခဲ့သည်။ အဆိုပါအစီအစဉ်အရရောက်ရှိနေကြသူစုစုပေါင်း ၃ သိန်းခွဲခန့်ရှိပြီးအများစုမှာအယ်ဆာဗေးဒိုးနိုင်ငံမှ ဖြစ်ကြောင်းအေပီသတင်းတွင် ဖော်ပြချက်အရသိရသည်။