မောင်တောမြို့မှာ ဆရာတော် ဦးဥတ္တမ ရုပ်ထုနဲ့ ပန်းခြံထားရှိတော့မည်

20 May 2017

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေမှာ အာရှနေဝန်း ဆရာတော် ဦးဥတ္တမ ရုပ်ထုနဲ့ ပန်းခြံပြုလုပ်လာကြတာကြောင့် မောင်တောမြို့မှာလည်း ဆရာတော်ရုပ်ထုနဲ့ ပန်းခြံတစ်ခု ဖြစ်ပေါ်လာဖို့ ဒီနေ့ သာသနာ့ဗိမ္မာန်တော်ကြီးမှာ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်အစီအစဉ်ဖြင့် ဂွမြို့နယ်မှာ ကျေးရွာပေါင်း ၃၆ ရွာကို Solar တွေပေး

20 May 2017

ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရတဲ့ ကျေးရွာတွေကို၂၀၃၀ ခုနှစ်အမှီ မြို့ပြနဲ့တစ်ပြိုင်နက်တည်း လျှပ်စစ်မီးရရှိဖို့ဆောင်ရွက်နေတာကြောင့် ဂွမြို့နယ်အတွင်းမှာ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာပေါင်း ၃၆ရွာကို ကမ္ဘာ့ဘဏ်အစီအစဉ်နှင့် ဂွမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနဲ့ Earth Renuwable Energy ကုမ္ဗဏီလိမိတက်တို့ ပူပေါင်းပြီး Solar နဲ့

ရခိုင်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေကို ငွေကြေးထောက်ပံ့မည်

19 May 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် (၂) နှစ်အောက် ကလေးငယ်တွေကို အဟာရနဲ့ ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ သိရပါမယ်။

ကလေးတွေလုံခြုံရေး စိုးရိမ်နေရတယ်ဆိုတဲ့ မြတန်ဆောင်းဘုန်းကြီးကျောင်း

19 May 2017

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြတန်ဆောင်း ဘက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ ကလေးတွေအနေနဲ့ ယခင်တာဝန်ယူထားတဲ့ မြတန်ဆောင်းဆရာတော်ဟာ မတရားအသင်းနဲ့ ဆက်နွယ်တယ်ဆိုတဲ့ ပုဒ်မ ၁၇ (၁) နဲ့ အမှုရင်ဆိုင်နေရပါတယ်။ ဆရာတော်မရှိတဲ့ နောက်ပိုင်းမှာ ပညာသင်ခိုလုံနေကြတဲ့ ကလေးတွေအတွက် ခြိမ်းခြောက်မှုတွေရှိနေပြီး လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းနေတယ်လို့ဆိုပါတယ်။

NLD နာယကသူရဦးတင်ဦး ကျန်းမာရေးကောင်းမွန်ရေး ရခိုင်မြို့သုံးခုမှာ ဆွေးနွေး

19 May 2017

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းမှ ဂွမြို့၊ ကျိ န္တလီမြို့နဲ့ တောင်ကုတ်မြို့တို့တွင် မေလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်ပြီး နလန်ထူလာနိုင်ရေးအတွက် ကျန်းမာရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေး ပထမအကြိမ်ဆွေးနွေး

18 May 2017

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနစ်စကိုင်နိုင်အောင် ဆောင်ရွက်ရေး (ပထမအကြိမ်) ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၁၇ ရက်နေ့က မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်အတွင်းကျောက်ဖြူမြို့မှာ မြို့ပြလမ်း ၇ လမ်းနဲ့ မြို့ပြတံတား ၆ စင်း ပြုလုပ်မည်

18 May 2017

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်တွင် မြိုနယ်စည်ပင် ရန်ပုံငွေဖြင့် မြို့ပြလမ်း၇လမ်းနဲ့ မြို့ပြတံတား ၆ စင်းကို ဧပြီလမှစတင်ကာ ပြုလုပ်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်ရုံးကသိရပါတယ်။

၅ နှစ်တာ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းမှာ ပြင်ပရောက် ကလေးတွေအတွက် ထည့်သွင်းရေးဆွဲထား

17 May 2017

ပညာရေးဝန်ကြီးဌာနက ဦးစီးပြီး အဆင့်မြင့်ပညာရေးဦးစီဌာနက ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၅ နှစ်တာ ရေးဆွဲထားတဲ့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းမှာ ကျောင်းမတက်ရောက်နိုင်တဲ့ ပြင်ပရောက် ကလေးငယ်တွေအတွက် ကျောင်းတက်ဖို့မလိုဘဲ အတန်းနဲ့ ပညာရေး

ပေါက်တောမြို့ မီးလောင်မှုမှာ သိန်း (၁၅၀) ဖိုး ဆုံးရှုံးသွားခဲ့ပြီး လူ (၁၆) ဦး ဒဏ်ရာရရှိ

17 May 2017

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ရပ်ကွက် (၃)မှာ ဒီနေ့ နံနက် ၈ နာရီကျော်ခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ကျပ်သိန်း (၁၅၀) ဖိုး ဆုံးရှုံးသွားခဲ့ပြီး လူ (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပေါက်တောမြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇံက ပြောပါတယ်။ 

ရခိုင်တောင်သူ လယ်သမားသမဂ္ဂ ၆ လပတ် အစည်းအဝေးပြုလုပ်

17 May 2017

ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ ၆ လပတ် အစည်းအဝေးနဲ့ လယ်ယာမြေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စစ်တွေမြို့က မဏိရတနာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ မေလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနေပါတယ်။ 

ယခုဖြစ်ပေါ်နေသော ပဋိပက္ခများ မသဘနှင့်မသက်ဆိုင်ဟု ရှင်းလင်းမိန့်ကြား

16 May 2017

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် မဘသက စေခိုင်းခြင်းမဟုတ်သည့်အပြင် အဆိုပါကိစ္စများသည် မဘသနှင့် မသက်ဆိုင်ကြောင်း မေလ ၁၆ ရက် ယနေ့ နေ့လည်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဘသ(ဗဟို)က ရှင်းလင်းမိန့်ကြားသည်။

မြိုလူမျိုးဟာ ရခိုင်ပြည်နယ်မှာ ရှေးကျဆုံးလူမျိုးတစ်မျိုးဖြစ်တယ်လို့ ဆို

16 May 2017

မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ရှေးအကျဆုံးလူမျိုးတစ်မျိုးဖြစ်တယ်လို့ ဒီနေ့ မေလ ၁၆ နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာတွင် ကျင်းပပြုလုပ်တဲ့ (၂) ကြိမ်မြောက် မြိုအမျိုးသားနေ့မှာ ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်တဲ့ မြိုစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌဦးဇနီဖြူက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

ဘုရားဆင်းတုတော်များ ဖျက်စီးခဲ့သူကို သံတွဲရဲစခန်းမှာ ထိန်းသိမ်းခွင့်တောင်းခံ

15 May 2017

သံတွဲခရိုင် ရွှေလှေတိုက်နယ် ငွေတောင်ဘုရားတောင်ပေါ်ရှိ ဘုရားဆင်းထုတော်များကို ဖျက်စီးခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် နေလင်းစိုး (ခ) စိုးမိုးဦးကို ယနေ့မေလ ၁၅ ရက် နံနက် ၁၀ နာရီဝန်းကျင်မှာ ရုံးထုတ်ခဲ့ကာ ဓာတ်မှန်ဆေးစာ အခက်အခဲကြောင့် သံတွဲ မြို့မရဲစခန်းတွင်

လယ်မြေသိမ်းယူထားတယ်ဆိုပြီး ပြည်နယ်လွှတ်တော် ဥက္ကဌ နှုတ်ထွက်ပေးရေး ဆန္ဒပြ

15 May 2017

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆတ်ရိုးကျစက်မှုရပ်ကွက်မှ လယ်မြေတွေကို သိမ်းယူထားတယ်ဆိုပြီး ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ကို နှုတ်ထွက်ပေးဖို့ သိမ်းဆည်းခံ လယ်သမားတွေအပါအဝင် ဒေသခံ (၁၀၀) ခန့်က  ဒီကနေ့ (မေလ ၁၅ ရက်နေ့) နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

မြတန်ဆောင်းဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ လွတ်မြောက်ဖို့ ပေါက်တောပြည်သူတွေ ဆန္ဒဖော်ထုတ်

14 May 2017

မတရားသင်း အက်ဥပဒေနဲ့ ငြိစွမ်းတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဒီကနေ့ (မေလ ၁၄ ရက်နေ့) နေ့လည် ၁ နာရီအချိန်ခန့်မှာ ပေါက်တောမြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ငပလီကမ်းခြေ အမှိူက်ကင်းစင်ဖို့ ပြည်သူတွေပူးပေါင်းဖို့လိုအပ်

13 May 2017

ကမ္ဘာအလှပဆုံးကမ်းခြေ တစ်ခုအဖြစ် စာရင်းဝင်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့က ငပလီကမ်းခြေမှာ အမှိုက်ကင်းစင်ဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ ဌာနဆိုင်ရာကပဲ ဆောင်ရွက်လို့မရဘဲ အများပြည်သူများပါ ပါဝင်ဆောင်ရွက်မှ ငပလီကမ်းခြေမှာ အမှိုက်ကင်းစင်သွားမှာ ဖြစ်တယ်လို့

လိပ်ကျွန်းလူသတ်မှုကို ပြည်ထောင်စုအဆင့်ဆောင်ရွက်ပေးဖို့လိုအပ်

13 May 2017

ထိုင်နိုင်ငံ၊ ကော့တောင်၊ လိပ်ကျွန်းလူသတ်မှုကို ပြည်ထောင်စုအဆင့်က ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းတောင်ပိုင်း)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က တောင်းဆိုလိုက်ပါတယ်။

နတ်ရှင်ကျေးရွာမှာ ရဲတစ်ဦး သေနတ်ပစ်၍ အရပ်သားတစ်ဦး သေဆုံးမှုကို ပြည်နယ်အထူးစုံစမ်းရေးအဖွဲ့ စုံစမ်းနေ

10 May 2017

စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာမှာ အရပ်သားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ အထူးစုံစမ်းစစ်ဆေးရေးဖွဲ့ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ပေါက်တောမြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးကျော်ဇံက DMG ကို ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်အပ်ပေးဖို့ ရခိုင်ကော်မရှင်အကြံပြု

09 May 2017

ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေ အများစုရှိတဲ့ ကျေးရွာတွေ၊ အုပ်စုတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ဘင်္ဂလီတွေကိုပဲ ခန့်အပ်ပေးဖို့ ကြားဖြတ်အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒီနေ့ ရခိုင်မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာလည်း ထပ်မံအကြံပြုထားပါတယ်။ ဒီနေ့ စစ်တွေဟိုတယ်မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုကော်မရှင်အဖွဲ့နဲ့ ရခိုင်မီဒီယာသမား အယောက် ၂၀ လောက်နဲ့ နေ့လည် ၁ နာရီက တွေ့ဆုံခဲ့ပါတယ်။ 

ဂွမြို့ဆေးရုံကို ကုတင်ငါးဆယ်ဆန့် ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေမယ့် ဆရာဝန်နဲ့ သူနာပြုအင်အား မလုံလောက်

09 May 2017

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်က ခုတင်ငါးဆယ်ဆန့် ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်နဲ့ သူနာပြု အင်အားမလုံလောက်တဲ့အတွက် လက်ရှိ ကုသနေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေမှာ အလုပ်ဖိစီးမှုတွေ ရှိနေပြီး ဆေးရုံကို လာရောက်ဆေးကုသနေကြတဲ့ လူနာနဲ့ လူနာရှင်တွေမှာလည်း အပြည့်စုံမှုတွ ရှိနေတယ်လို့ ဂွဒေသခံတွေထံက သိရပါတယ်။

Showing 241-260 of 289 items.