- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ပုပ်ရဟန်းမင်းကြီး၏ အာရှခရီးစဉ်အတွင်း အဏုမြူလက်နက် ဆန့်ကျင်ရေးအတွက် ဟီရိုရှီးမားသို့ သွားမည်
အင်္ဂါနေ့တွင် စတင်မည့် ပုပ်ရဟန်းမင်းကြီး၏ အာရှခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့များသို့ သွားရောက်မည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Nov 2019

အင်္ဂါနေ့တွင် စတင်မည့် ပုပ်ရဟန်းမင်းကြီး၏ အာရှခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့များသို့ သွားရောက်မည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အဏုမြူလက်နက်အား ဆန့်ကျင်သော လှုပ်ရှားမှုတစ်ရပ်အဖြစ် နျူကလီးယားဗုံးဒဏ်သင့်ခဲ့သော အဆိုပါ မြို့နှစ်မြို့သို့ သွားရောက်လည်ပတ်ရန် စီစဉ်ခြင်းဖြစ်သည်။
သက်တော် ၈၂ နှစ်ရှိနေပြီဖြစ်သည့် ပုပ်ရဟန်းမင်းကြီးသည် ဂျပန်နိုင်ငံတွင် သာသနာပြုဘုန်းတော်ကြီး ဖြစ်လိုသောဆန္ဒရှိခဲ့သူ တစ်ဦးလည်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဂျပန်နိုင်ငံသို့ ဆက်သွားမည်ဖြစ်သည်။
ထိုင်းနှင့်ဂျပန် နှစ်နိုင်ငံလုံးတွင် ကက်သလစ်ဘာသာဝင် ဝ.၆ ရာနှုန်းအောက်သာ ရှိသော်လည်း ပုပ်ရဟန်းမင်းကြီးသည် ကိုးကွယ်သူများနှင့် တွေ့ဆုံရန် ဆန္ဒပြင်းပြလျှက်ရှိသည်။
ပုပ်ရဟန်းမင်းကြီးသည် ဂျပန်သို့ စနေနေ့ သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ နျူကလီးယားဗုံးဒဏ်သင့် နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့များသို့ နိုဝင်ဘာ ၂၄ ရက်နေ့တွင် သွားရောက်မည်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်၏ နျူကလီးယားဗုံးဒဏ်ကြောင့် နာဂါဆာကီတွင် လူပေါင်း ၇၄,၀၀၀ ကျော်၊ ဟီရိုရှီးမားတွင် လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။