- စစ်ကောင်စီလက်နက်ကြီးကြောင့် မနော်သီရိရွာတွင် နေအိမ် ၁၉ ဆောင် မီးလောင်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
- ပလက်ဝတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဓာတ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ကြောင်း AA ပြော
- “AA လုပ်ရပ်မှာ ရခိုင်ပြည်အတွက် ဟုတ်/မဟုတ်” ရခိုင်ပြည်သူများကို စစ်ကောင်စီ စဉ်းစားခိုင်း
- အပစ်ရပ်သဘောတူညီချက်ကို AA က ချိုးဖောက်ခဲ့ဟု စစ်ခေါင်းဆောင် အပြစ်တင်
- ဌာနဆိုင်ရာဝန်ထမ်းများ လုံခြုံရေးအတွက် ရခိုင်ပြည်နယ် စစ်ကောင်စီ အစည်းအဝေးပြုလုပ်
မြန်မာနှင့် ပီရူးတွင် အကြမ်းဖက်မှုများ ရပ်တန့်ကြရန် ပုပ်ရဟန်းမင်းကြီးပြော
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ကြရန်နှင့် အပြန်အလှန် ခွင့်လွှတ်ကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်သည်။
23 Jan 2023
ဓာတ်ပုံ - Reuters
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ကြရန်နှင့် အပြန်အလှန် ခွင့်လွှတ်ကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်၌ ပြုလုပ်သည့် အပတ်စဉ် အမှာစကားပြောကြားမှုအတွင်း ယခုကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာကို မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းယူခဲ့ပြီးနောက်တွင် နိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်တော်လှန်မှုများ ပြင်းထန်လျက်ရှိကာ မြန်မာစစ်တပ်ကလည်း အင်အားသုံး ဖြိုခွဲလျက်ရှိသည်။
ပုပ်ရဟန်းမင်းကြီးက ပီရူးတွင်ဖြစ်ပျက်နေသည့် အကြမ်းဖက်မှုများကိုလည်း ရပ်တန့်ကြရန် တောင်းဆိုခဲ့သည်။
“ဘယ်ကပဲ စဖြစ်ဖြစ် အကြမ်းဖက်မှုကို ဆန့်ကျင်ပါတယ်။ လူတွေ မသေပါရစေနဲ့တော့”ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။
ပီရူးနိုင်ငံတွင် သမ္မတ ပီဒရိုကာစတီလိုကို ပြီးခဲ့သောဒီဇင်ဘာလက ဖြုတ်ချခဲ့ပြီးနောက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒပြမှုများ အရှိန်မြင့်လျက်ရှိသည်။ ပြီးခဲ့သော သီတင်းပတ်များအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း သေဆုံးသူစုစုပေါင်း ၅၀ နီးပါး ရှိနေပြီဖြစ်သည်။
“တစ်နိုင်ငံတည်းက ညီရင်းအစ်ကိုတွေဖြစ်တဲ့ ဘက်ပေါင်းစုံကလူတွေ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လေးစားလိုက်နာပြီး ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းပေါ်လျှောက်ကြဖို့ တိုက်တွန်းပါတယ်”ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့သည်။