- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
သြစတြေးလျ ငွေစက္ကူမှ ဗြိတိန်ဘုရင်မပုံအား တိုင်းရင်းသားယဉ်ကျေးမှုကို ဂုဏ်ပြုသည့်ပုံဖြင့် အစားထိုးမည်
သြစတြေးလျတွင် ရှိခဲ့သည့် ပထမဆုံးလူမျိုးများ၏ ယဉ်ကျေးမှုနှင့် သမိုင်းကို ဂုဏ်ပြုမည့် ဒီဇိုင်းအသစ်အတွက် ဌာနေတိုင်းရင်းသားများနှင့် တိုင်ပင်ဆွေးနွေးသွားမည်ဟု ဗဟိုဘဏ်က ပြောသည်။
03 Feb 2023
ဓာတ်ပုံ - AFP
လက်ရှိအသုံးပြုနေသော ၅ ဒေါ်လာတန် ငွေစက္ကူတွင် ရိုက်နှိပ်ထားသည့် ဗြိတိန် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး၏ ပုံရိပ်ကို ဖယ်ရှားတော့မည်ဟု သြစတြေးလျ ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ အဆိုပါပုံအစား သြစတြေးလျ ဌာနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို ဂုဏ်ပြုသည့် ဒီဇိုင်းတစ်ခုဖြင့် အစားထိုးဖော်ပြသွားမည် ဖြစ်သည်။
သြစတြေးလျတွင် ရှိခဲ့သည့် ပထမဆုံးလူမျိုးများ၏ ယဉ်ကျေးမှုနှင့် သမိုင်းကို ဂုဏ်ပြုမည့် ဒီဇိုင်းအသစ်အတွက် ဌာနေတိုင်းရင်းသားများနှင့် တိုင်ပင်ဆွေးနွေးသွားမည်ဟု ဗဟိုဘဏ်က ပြောသည်။
အဲလစ်ဇဘက်ဘုရင်မကြီး သေဆုံးကွယ်လွန်သည့်အတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် သြစတြေးလျနိုင်ငံ၌ နိုင်ငံတော်အခမ်းအနားဖြင့် အောက်မေ့ဖွယ်နေ့ ကျင်းပခဲ့သည်။
သို့သော်လည်း ဗြိတိသျှကိုလိုနီခေတ်၏ ဆိုးမွေကို ခံစားခဲ့ရသည့် ဌာနေတိုင်းရင်းသား အုပ်စုအချို့ကလည်း အဆိုပါနေ့တွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ကာ ထီးနန်းအစဉ်အလာကို ဖျက်သိမ်းရန် တောင်းဆိုမှုများ ရှိခဲ့သည်။
သြစတြေးလျသည် စည်းမျှဉ်းခံဘုရင်စနစ်ကို ကျင့်သုံးသည့်အတွက် တတိယမြောက် ချားလ်ဘုရင်သည် နိုင်ငံ၏ အကြီးအကဲဖြစ်သည်။ ပြည်သူ့သမ္မတနိုင်ငံစနစ်ကို ကျင့်သုံးရန်အတွက် ဆန္ဒခံယူပွဲ တစ်ရပ်ကို ၁၉၉၉ ခုနှစ်က ကျင်းပခဲ့သော်လည်း မဲအနည်းငယ်သာ ကွဲလွဲမှုဖြင့် ရှုံးနိမ့်ခဲ့သည်။
အစားထိုးမည့် ငွေစက္ကူအသစ်သည် အသုံးပြုသည့် အဆင့်အထိ ရောက်ရန်အတွက် နှစ်ပေါင်းများစွာ ကြာဦးမည်ဖြစ်သည်။ ထို့ပြင် ဒီဇိုင်းအသစ် ထွက်လာသော်လည်း အများပြည်သူလက်ထဲတွင် ရှိနေသည့် လက်ရှိ ၅ ဒေါ်လာတန်ကိုလည်း တရားဝင်အသုံးပြုခွင့် ရှိမည်ဖြစ်သည်။
ဘုရင်မကြီး၏ ရုပ်ပုံအသုံးပြုထားသည့် ဤ ၅ ဒေါ်လာတန်အား ၁၉၉၂ ခုနှစ်တွင် စတင်ရိုက်နှိပ်ခဲ့ခြင်း ဖြစ်သည်။