- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
ချားလ်မင်းသား၏ လူမှုရေးအဖွဲ့အစည်းကို ဘင်လာဒင်မိသားစုက ပေါင် ၁ သန်း လှူဒါန်းခဲ့
ဗြိတိန်ထီးနန်းဆက်ခံမည့် အလောင်းအလျာဖြစ်သော ချားလ်မင်းသားသည် ၎င်းထူထောင်ထားသည့် လှူမှုရေးအဖွဲ့ ရန်ပုံငွေအတွက် အိုစမာဘင်လာဒင် မိသားစုက ပေါင် ၁ သန်းလှူဒါန်းခဲ့သည်ကို လက်ခံခဲ့ကြောင်း ဆန်းဒေးတိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Aug 2022

DMG ၊ ဩဂုတ် ၂
ဗြိတိန်ထီးနန်းဆက်ခံမည့် အလောင်းအလျာဖြစ်သော ချားလ်မင်းသားသည် ၎င်းထူထောင်ထားသည့် လှူမှုရေးအဖွဲ့ ရန်ပုံငွေအတွက် အိုစမာဘင်လာဒင် မိသားစုက ပေါင် ၁ သန်းလှူဒါန်းခဲ့သည်ကို လက်ခံခဲ့ကြောင်း ဆန်းဒေးတိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အဆောက်အအုံအား လေယာဉ်ဖြင့်ဝင်တိုက်မှုတွင် အဓိကကြိုးကိုင်ခဲ့သူ အိုစမာဘင်လာဒင်၏ မိသားစုဝင်များသည် အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်ထားဖွယ်မရှိသော်လည်း ချားလ်မင်းသား၏ လူမှုရေးအဖွဲ့အစည်းအတွက် လှူဒါန်းခဲ့သည့်သတင်း ယခုကဲ့သို့ ထွက်ပေါ်လာခြင်းသည် ရာဇဝတ်မှုမကင်းသည့် လုပ်ရပ်များရှိကြောင်း စွပ်စွဲခံနေရသည့် အဖွဲ့အစည်းအတွက် စစ်ဆေးမှုများပြုလုပ်ရန် ဖိအားများ တိုးပွားစေလျက်ရှိသည်။
ဝေလမင်းသားလူမှုရေးရန်ပုံငွေ (PWCF) အတွက် ပေါင် ၁ သန်းကို ဘင်လာဒင်မိသားစုဝင်များက ၂၀၁၃ ခုနှစ်တွင် လှူခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်၏ မိသားစုဝင်များ လှူဒါန်းငွေကို လက်မခံရန် အကြံပေးအများအပြားက မင်းသားကို တိုက်တွန်းခဲ့ကြသည်ဟု ဆန်းဒေးတိုင်းမ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
လှူဒါန်းမှုကို ထိုစဉ်က အုပ်ချုပ်ရေးအဖွဲ့ဝင် ငါးဦးက သဘောတူခဲ့သည်ဟု PWCF ဥက္ကဌဖြစ်သူ အီယန်ချက်ရှိုင်းယားက ပြောသည်။
ဗြိတိသျှရဲတပ်ဖွဲ့သည် မင်းသား၏ လူမှုရေးအဖွဲ့အား ဆော်ဒီစီးပွားရေးသမားတစ်ဦးက ငွေသားလှူဒါန်းခဲ့မှုတစ်ခု အပေါ်တွင် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကိုလည်း ပြီးခဲ့သော ဖေဖော်ဝါရီလတွင် စတင်ခဲ့သည်။
အဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးမှူးဖြစ်သူ မိုက်ကယ်ဖောဆက်သည် ဆော်ဒီနိုင်ငံသားတစ်ဦးနှင့် ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ရာထူးမှရပ်ဆိုင်းခံထားရသည်။