- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ယူကေဘုရင်ကို ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့သူ တရားစွဲဆိုခံရ
အင်္ဂလန်မြောက်ပိုင်း ယောက်မြို့သို့ ရောက်ရှိလာသည့် ချားလ်ဘုရင်ကို ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့သူအား တရားစွဲဆိုလိုက်ကြောင်း တော်ဝင်မှုခင်းရေးရာဌာနက ပြောကြားလိုက်သည်။
21 Dec 2022
DMG | ဒီဇင်ဘာ ၂၁
အင်္ဂလန်မြောက်ပိုင်း ယောက်မြို့သို့ ရောက်ရှိလာသည့် ချားလ်ဘုရင်ကို ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့သူအား တရားစွဲဆိုလိုက်ကြောင်း တော်ဝင်မှုခင်းရေးရာဌာနက ပြောကြားလိုက်သည်။
စွဲဆိုခဲ့ရသူသည် အသက် ၂၃ နှစ်အရွယ် ပက်ထရစ်သယ်ဝယ်ဆိုသူ ဖြစ်သည်။ တတိယမြောက် ချားလ်ဘုရင်ကြီးသည် ပြီးခဲ့သည့်လက ယောက်မြို့သို့ အလည်အပတ် ရောက်ရှိလာစဉ် သူက ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့သည်။
တော်ဝင်မှုခင်းရေးရာဌာနက မြောက်ပိုင်းယော့ရှိုင်းယားရဲတပ်ဖွဲ့ကို ပက်ထရစ်သယ်ဝယ်အား တရားစွဲဆိုခွင့်ပြုလိုက်ကြောင်း ဌာန၏ အထူးရာဇဝတ်မှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနခွဲ အကြီးအကဲ နစ်ပရိုက်က ပြောကြားသည်။
သယ်ဝယ်အား “ခြိမ်းခြောက်မှုပြုသည့် လုပ်ရပ်” ဖြင့် တရားစွဲဆိုထားပြီး ထောက်ဒဏ် ၆ လအထိ ကျခံရဖွယ် ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုလအစောပိုင်းကလည်း လန်ဒန်မြောက်ပိုင်း လူတန်မြို့တွင် ချားလ်ဘုရင်အား ကြက်ဥဖြင့် ပစ်ပေါက်ခဲ့သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဘက်ဖို့ရှိုင်းယားရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သည်။ သူ့ကို လက်ရှိတွင် အာမခံပေးထားပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် တရားရုံး၌ ကြားနာစစ်ဆေးမည်ဖြစ်သည်။
ဓာတ်ပုံ - AFP